စမ်းရေအိုင်

နွေဥတု၌ အင်းအိုင်များတွင် ရေခန်းခြောက်၏။ ဝါကျမှာပါတဲ့ အင်း နဲ့ အိုင် ကို ရှင်းပြပေးပါရှင့်။

သိတာလေးသာ ရေးပါရစေ။ အင်းရော အိုင်ရောမှာ ရေရှိတယ်။ အမြင်မှာလည်း ဆင်တူတယ်။ ဖြစ်လာပုံတော့ မတူပါ။ အိုင်နဲ့ ကန်က အရွယ်အစားသာ ကွာတယ်။

မြစ်ကျိုးအင်းဆိုတာရှိတယ်။ မြစ်တွေက အမြဲကွေ့ကောက်နေတယ်။ ရေစီးလမ်းဦးတည်ရာနဲ့ ထိပ်တိုက်ကျနေတဲ့ ကမ်းတွေကို တိုက်စားနေတယ်။ ကြာလာတော့ ဂငယ်ကွေ့ကနေ ရေစီးပြတ်တောက်ပြီး ရေအောင်းနေတဲ့နေရာက မြစ်နဲ့တခြားစီ ဖြစ်လာတယ်။ သဘာဝကနေ လုပ်ပေးတာ။

အိုင်ဆိုတာ ကြီးကြီးငယ်ငယ် မိုးရေ သို့မဟုတ် သွင်းရေနဲ့ ရေနေတဲ့နေရာဖြစ်တယ်။ သဘာဝနဲ့ လူလုပ်။ စမ်းရေအိုင်ဆိုတာ စိမ့်ရေစမ်းရေရှိတဲ့နေရာ။

အင်းယားကတော့ အမည်ရော သဘာဝဖြစ်အင်းရော ဖြစ်နိုင်တယ်။ ကျွန်တော် သိပ်မသိပါ။ ဆောရီး။

မြန်မာပြည်မှာ အင်းတော်ကြီးနဲ့ အင်းလေးကန်တွေက ထင်ရှားတယ်။

အင်း၊ အိုင်၊ လက်ဖွဲ့ဆိုတာက ယုံကြည်သူတွေက ကောင်းစေ၊ မကောင်းစေရည်ရွယ်ချက်နဲ့ အစီအမံအမျိုးမျိုးတွေ လုပ်တာကိုခေါ်တယ်။

စမ်းရေအိုင်

သောတမောင် ရေးစပ်ပြီး မေသစ်ဆိုတဲ့ သီချင်း

ဇင်မင်းခိုင် သင်းပါတဲ့ တောဟေမြိုင်
ဂနိုင်အတွင်းမှာ ရှိပါတဲ့ စမ်းရေအိုင်
ကြာငါးခိုင် ပွင့်တွေလည်း တင့်ဝေမြိုင်
တကယ်ပင် မြသားရည်
လွှမ်းကြည်တဲ့ စမ်းရေအိုင်

မှုံရွှေဝတ်ကယ် သင်းပျံ့ကြိုင်ကာလှိုင်
ပျားပိတုန်းတို့ စားသုံးယူကာချိုင်
ရွှေဟင်္သာ အောင်တော်ခေါ်သံ အထူးမြိုင်
ငွေဟင်္သာ အောင်တော်ခေါ်သံ အထူးမြိုင်
ဇောပီတိထက်ဝေလှိုင် တောသီရိကြက်သရေအိုင်

စမ်းရေအိုင် ရေအိုင် ရေအိုင်
ပျိုပျိုမေ အသည်းပုလဲခိုင်
ကိုကိုရေ သွားရောက်လို့ထိုင်
အပန်းလည်းဖြေနိုင်
စမ်းရေအိုင် ရေအိုင် ရေအိုင်

ကြာနီဖြူစိုးမိုးလို့ပိုင်
နှစ်ဖြာရည်တူ ချိုးသုံးသို့လှိုင်
အပန်းလည်းဖြေနိုင် စမ်းရေအိုင်

စမ်းရေအိုင် ရေအိုင် ရေအိုင်

ပျိုပျိုမေ အသည်းပုလဲခိုင်
ကိုကိုရေ သွားရောက်လို့ထိုင်
အပန်းလည်းဖြေနိုင်
စမ်းရေအိုင် ရေအိုင် ရေအိုင်

တူပြိုင်ပြိုင် သွားစို့ ရေစမ်းအိုင်
ဘာသာဘာဝတေးဆိုကြမြိုင်
မယ်ညိုငှက်တော်
ဖော်ကြူးလို့ ပျော်မြူးတဲ့အိုင်

လေပြေလာ ကြူကာလှိုင်
အင်ကြင်းပန်းရနံ့မွှေးတကြိုင်ကြိုင်
ဆင်မင်းတို့ တရံတခါစံရာ
များကြာစွယ် စားပါတဲ့အိုင်

စမ်းရေအိုင် ရေအိုင် ရေအိုင်
ပျိုပျိုမေ အသည်းပုလဲခိုင်
ကိုကိုရေ သွားရောက်လို့ထိုင်
အပန်းလည်းဖြေနိုင်
စမ်းရေအိုင် ရေအိုင် ရေအိုင်

စမ်းရေအိုင်(မေသစ်) https://www.youtube.com/watch?v=W26yM7DeDOk

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး