Age of austerity ခြိုးခြံချွေတာရေးခေတ်

မြန်မာပြည်မှာ ၂ဝ၁၁ ကနေစခဲ့တဲ့လွှတ်တော်ကြီးမှာ ပြောစမှတ်ပြုစရာတခုကတော့ မမေ့လောက်အောင် ကျန်ရစ်ပါတော့မယ်။ အဝင်မှာပြောတာနဲ့ အထွက်မှာပြောတဲ့စကားဆိုတာ ပိုမှတ်မိလွယ်ကြတယ်။ အမတ်လစာကို ၁ဝ သိန်းအထိတိုးလိုက်တာနဲ့ သက်တမ်းအကုန်မှာ ဆုကြေးငွေထုတ်ယူချင်နေကြသတဲ့။

ကမ္ဘာမှာတော့ Age of austerity ခြိုးခြံချွေတာရေးခေတ်လို့ တွင်နေတဲ့ကာလဖြစ်တယ်။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကနေ ၂ဝဝ၉ ခုနှစ် အေပြီလ ၂၆ ရက်နေ့မှာ ကွန်ဆာဗေးတစ်ပါတီညီလာခံမိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။ ဒိနောက် Merriam-Webster's အဘိဓါန်ကနေ ၂ဝ၁ဝ တနှစ်တာအတွက် Word of the year အကောင်းဆုံးစာလုံးအဖြစ် Austerity ခြွေတာရေးကို ရွေးချယ်လိုက်ပါတယ်။ ဖရီးအွန်လိုင်းကနေရှာဖွေမှုပေါင်း ၂ သိန်းခွဲရှိပါသတဲ့။ အကြွေးထူခြင်းနဲ့ ဆက်ပြီး စာလုံးရှာဖွေကြတာပါ။

မြန်မာပြည်မှာ နိုင်ငံခြားကြွေးမြီဘယ်လောက်ရှိပါသလည်း။ ၂ဝ၁၅ ဒီဇင်္ဘာ (၁) ရက်နေ့မှာ ဘဏ္ဍာရေးဝန်ကြီးကနေ လွှတ်တော်မှာ မြန်မာပြည်ရဲ့နိုင်ငံခြားအကြွေး စုစုပေါင်း (၉) ဘီလီယန်ကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲတာက ၁၉၈၈ ကနေစတာပါ။ တဝက်ဖြစ်တဲ့ ၄့၂၇ ဘီလီယန်က ၁၉၈၈ အရင်က တင်ခဲ့တာဖြစ်တယ်။ ၁၉၈၈-၈၉ ကနေ ၂ဝ၁ဝ-၂ဝ၁၂ အတွင်း နောက်ထပ်အကြွေး (၃့၃ + ၁့၅ = ၄့၈) ဘီလီယန် ထပ်ချေးယူခဲ့တယ်။ နော်ဝေက ၅၃၄ သန်းနဲ့ ဂျပန်က ၃၅၈ဝ သန်း အကြွေးလျှော်ပြစ်လို့တော်သေးတာပါ။

အကြွေးထူရတဲ့အထဲ ကိုယ့်လိုချင်တာကိုယ်တိုးတောင်းနေတဲ့ ၂ဝ၁၁-၂ဝ၁၅ လွှတ်တော်ကိုတော့ အောချယူရပါလိမ့်မယ်။

စီးပွါးရေးလုပ်ငန်းတွေအတွက် သုတေသနတခုရှိပါတယ်။ လစာတိုးတောင်းဘို့ရာ မပြောအပ်တဲ့စကား (၉) မျိုး။ ကောက်ချက်က အဲတာမျိုးတွေကို မလုပ်မိပါစေနဲ့တဲ့။

၁။ အချိန်အရတော့ အကောင်းကြီးမဟုတ်ပေမယ့် ကျွန်တော်ကတော့ လိုချင်တာပဲ။ မပြောပါမဲ့။
၂။ လစာမတိုးခဲ့တာလည်း ကြာပြီကောဗျာ။ မပြောပါနဲ့။
၃။ ကျွန်တော်က လူသုံးယောက်စာလောက်လုပ်နေတာဗျ။ မပြောပါနဲ့။
၎။ ကျွန်တော် ဒီမှာလုပ်နေရတာ ဘယ်လောက်တောင်ကြာပြီ။ မပြောပါနဲ့။
၅။ ကျွန်တော်က ကိုယ်လုပ်မှကိုလုပ်နေတာပဲမဟုတ်လား။ မပြောပါနဲ့။
၆။ ကျွန်တော်မှာ ကိုယ်ရေးကိုယ်တာကရှိတော့ လခတိုးချင်တာပေါ့။ မပြောပါနဲ့။
၇။ တခြားလူတွေထက် ကျွန်တော်က ပိုလုပ်တယ်နိုင်တယ်။ မပြောပါနဲ့။
၈။ ဟောသည်လောက်အများကြီးလိုချင်တယ်။ မပြောပါနဲ့။ (ရေဒီယိုမှာ ပြည်ခိုင်ဖြိုးအမတ်တဦးက အဆိုပြုထားတာထက် နှစ်ဆလိုချင်တယ်လို့ပြောတယ်။ ကျွန်တော်နဲ့ လူချင်းသိပါတယ်။ သိတုံးကတော့ မဆိုးလောက်ဘူးမှတ်နေတာ။)
၉။ လစာမတိုးရင်တော့ အလုပ်ကထွက်ရမှာပဲ။ မပြောပါနဲ့။ (ကျွန်တော်အမြင်အရ အဲတာတော့ ပြောချင်ပြောပါ။)

ဒေါက်တာတင့်ဆွေ
၁၅-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး