Color Coding Guide အမှိုက်တို့၏အရောင်များ

အမှိုက်ကောက်တာကို ခမာနီနဲ့ ပေးစားတဲ့သူလည်းတွေ့တယ်။ ခမာစိမ်းကတော့ ကိုယ့်အမှိုက်ကိုယ်ကောက်နေရလို့ သူများအမှိုက်ကို လှည့်မကြည့်အားဘူးတဲ့။ သိသလောက်တော့ အမှိုက်ဆိုတာရောင်စုံပါ။

ကျန်းမာရေးဆိုင်ရာစွန့်ပြစ်ပစ္စည်းတွေအတွက် Color Coding Guide အရောင်ကုတ်လမ်းညွှန်ဆိုတာရှိတယ်။ ဘယ်ဟာကို ထားသိုရမလည်း၊ ဘယ်ဟာကိုပို့ပေးရမလည်း၊ ဘယ်ဟာကိုစွန့်ပြစ်ရမလည်း ခွဲခြားသိစေဘို့ သတ်မှတ်ထားတာဖြစ်တယ်။

Cytotoxic အဆိပ်ပါပစ္စည်းများ = မရမ်းရောင်
Anatomical ခန္ဓာဗေဒအစိတ်အပိုင်းများ = အနီရောင်
Clinical / Highly Infectious Clinical အလွန်ကူးစက်နိုင်သည်များ = အဝါရောင်
Medicinal ဆေးများ = အပြာရောင်
Infectious Clinical ကူးစက်နိုင်သည်များ = လိမ်မော်ရောင်
Dental (Amalgam) / Dental (Gypsum) သွား = အဖြူရောင်
Offensive အနံ့ဆိုးများ = အဝါပေါ်မှာ အနက်
Mixed Municipal Waste ရောထွေးနေသောမြူနီစပယ်အမှိုက်များ = အနက်

သင့်မှန်ရာအရောင်သာ ရွေးထည့်ကြပေတော့ဗျား။

ဒေါက်တာတင့်ဆွေ
၁၅-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး