Oshkosh L-ATV အမေရိကန်စစ်သုံးယာဉ်အသစ်

အမေရိကန်စစ်သုံး အပေါ့စားယာဉ်အသစ် Oshkosh L-ATV ကို Light Combat Tactical All-Terrain Vehicle လို့ ခေါ်တယ်။ ပူးတွဲ အပေါ့စား နည်းဗျူဟာယာဉ် အစီအစဉ်အရပေါ်လာတာဖြစ်တယ်။ Humvee  ဟမ်းဘီးလို့ခေါ်တဲ့ AM General High Mobility Multi-purpose Wheeled Vehicle ကို အစားထိုးပါမယ်။ မိုင်းဒဏ်ခံနိုင်တဲ့ Mine Resistant Ambush Protected (MRAP) ထက် ပိုလေးတယ်။ လှည့်သာလှုတ်သာနည်းတယ်။ ကာကွယ်မှုအတူပေးမယ်။

၂ဝဝ၇ အီရတ်စစ်ပွဲအတွေ့အကြုံကနေ အခုအိုင်ဒီယာကိုရလာတာဖြစ်တယ်။ ဒုံးကျည်နဲ့တိုက်ရိုက်ထိမှန်တာကိုခံနိုင်တယ်။
Mine Resistant Ambush Protected (MRAP) vehicles မိုင်းဒဏ်ခံစစ်သုံးယဉ် စီးရေ ၂၅ဝဝဝ သုံးနေတယ်။

ဒီစစ်သုံးယာဉ်ပြပွဲကို ၁ဝ-၁ဝ-၂ဝ၁၁ နေ့ကလုပ်ခဲ့တယ်။ ၂၅-၈-၂ဝ၁၅ နေ့က Oshkosh L-ATV ကိုရွေးလိုက်ကြောင်း ကြေညာတယ်။ Digitally-controlled General Motors (GM) Duramax V8 cylinder 6.6-liter diesel engine ဒီဇယ်အင်ဂျင်သုံးထားတယ်။ လူ ၄ ယောက်စီး။ ကုန်ချိန် 3,500 lb (1,600 kg) တင်နိုင်တယ်။ Combat Support Vehicle (CSV) configuration မှာ လူ ၂ ယောက်နဲ့ ကုန်ချိန် 5,100 lb (2,300 kg) of cargo အတွက်ဖြစ်တယ်။

အပြိုင်စနစ်နဲ့ရွေးတယ်။ ကုမ္ပဏီတိုင်းက ၂၂ စီနဲ့ နောက်တွဲ ၆ ခုစီပါရတယ်။ ဒုံးကျည် အချက် ၄ဝဝ၊ အောက်ခံခံနိုင်စွမ်း၊ မိုင် ၁ဝဝဝ ခက်ခဲတဲ့ခရီးစမ်းသပ်ခံကြရတယ်။ စစ်ဆေးချိန် ၁၄ လကြာတယ်။ ၂ဝ၁၅ မှာပြီးဆုံးရင် ရွေးချယ်တဲ့ပုံစံအတိုင်း စီးရေ ၅၅ဝဝဝ သောင်းဝယ်မယ်။ တစီးတန်ဖိုး ဒေါ်လာ ၂ သိန်းခွဲထက်မကျော်။ ၂ဝ၁၈ ရောက်မှစသုံးမယ်။ ၂ဝ၄ဝ အထိ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး