Cartilage growing to rebuild body parts

အရိုးနုကို ဓါတ်ခွဲခန်းထဲမှာ မွေးမြူပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အစားထိုးဘို့ အသုံးပြုနိုင်ပါတော့မယ်။ နှာခေါင်း၊ နားရွက် ပျက်စီးသွားသူတွေအတွက် ၃ နှစ်သာစောင့်ရပါတော့မယ်။

အစားထိုးဘို့လိုသူရဲ့ ကိုယ်ပိုင် အရိုးနုတစ်ရှူးကိုမွေးယူ၊ ဆေးရည်နဲ့ရောပြီး ဂျယ်လီလို သရီးဒီပုံဖေါ်ပေးမှာပါ။ ပြီးရင်တခါ အင်ကျူဘေတာထဲမှာ ပြန်မွေးရပါမယ်။

အင်္ဂလန်နိုင်ငံ ဆွန်ဆီးစ်ကဆရာဝန်တွေကစမ်းသပ်နေတာဖြစ်ပါတယ်။ နောက်ဆိုရင် အရိုး၊ ကြွက်သားနဲ့ သွေးကြောတွေကိုပါ အဲလိုမွေးယူနိုင်လာပါအုန်းမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅
http://www.bbc.com/news/uk-wales-south-west-wales-35140916

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး