2016

• ၂ဝ၁၆ ခုနှစ်ဟာ ဂျော်ဂျီယန်ပြက္ခဒိန်အရ ရက်စုံနှစ်ဖြစ်ပြီး၊ သောကြာကစတယ်။ Common Era (CE) ပြက္ခဒိန်ကာလအရ ၂ဝ၁၆ နှစ်မြောက်နေ့ ဖြစ်တယ်။ ၁၈ ရာစုနှစ်ဖြစ်တယ်။ ၂၁ ထောင်စုနှစ်ထဲမှာ ၁၆ နှစ်မြောက် ဖြစ်တယ်။
• ကုလသမဂ္ဂ ၆၈ ကြိမ်မြောက်အစည်းအဝေးကနေ ၂ဝ၁၆ ခုနှစ်ကို International Year of Pulses ပဲမျိုးစုံနှစ်လို့ သတ်မှတ်ထားတယ်။
• ဇန္နဝါရီလထဲမှာ တိုင်ဝမ်မှာ သမတရွေးကောက်ပွဲရှိမယ်။ ပဌမဆုံးအမျိုးသမီးသမတ ဖြစ်လာကောင်းလာမယ်။
• မတ်လ ၈ ရက်နေ့ နေလုံးဝကြတ်မယ်။
• မတ်လ (၃ဝ) ရက်နေ့ မြန်မာနိုင်ငံမှာ သမတသစ်နဲ့ ဒုတိယသမတသစ်နှစ်ဦး တက်လာမယ်။
• သြဂုတ်လ ၅ ရက်ကနေ ၂၁ ရက်အထိ နွေရာသီအိုလံပစ်ပွဲတော်ကို ဘရာဇီးလ်နိုင်ငံမှာကျင်းပမယ်။
• နိုဝင်္ဘာလထဲမှာ အမေရိကန်သမတရွေးကောက်ပွဲကျင်းပမယ်။ အာစီယန်-အရှေ့အာရှခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကို လာအိုနိုင်ငံမှာကျင်းပမယ်။
• ဒီဇင်္ဘာမှာ အမေရိကန် ပုလဲဆိပ်ကမ်းဗုံးကျဲခံရတာ ၇၅ နှစ်ပြည့်မယ်။
• ၂ဝ၁၆ ခုနှစ်ထဲမှာ ကမ္ဘာ့နိုင်ငံရေး ၄ ပုံ ၃ ပုံမှာ မှာအကတိလိုက်စားမှုထူပြောမယ်။
• တရုပ်ဆယ်နှစ်ရာသီခွင်အဆိုအရ မျောက်နှစ်ဖြစ်တယ်။ ကောင်းတဲ့နှစ်လို့ယူဆတယ်။
• ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချပ်သစ် ရွေးကောက်တင်မြှာက်မယ်။ ပထမဆုံးအမျိုးတယောက်ကို ရွေးကောင်း ရွေးမယ်။ UNESCO အကြီးအကဲ Irina Bokova (အိုင်ရီနာ ဘိုကိုဗာ) တစ်ပြေးနေတယ်။ နယူးဇီလန်သမတဟောင်း Helen Clark (ဟယ်လင် ကလာ့ခ်) လည်း အလားအလာရှိတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး