Radio မြန်မာ့အသံ

သတင်း = ၂၁ ရက်နေ့ည ၇ နာရီမှ ၈ နာရီအထိ မြန်မာ့အသံရေဒီယိုကနေ ဒေါ်အောင်ဆန်းစုကြည်စကားပြောမယ်တဲ့။

ငယ်ကတည်း အခုထိမှတ်မိနေတဲ့ ရေဒီယိုမိန့်ခွန်းတွေရှိပါတယ်။

၁။ ဝန်ကြီးချုပ်ဦးနု တရုပ်ပြည် ဘေဂျင်း (အဲဒီတုံးက ပီကင်းလို့ခေါ်တယ်) အလည်သွားရင်း အင်္ဂလိပ်လိုမိန့်ခွန်းပြောတာ နားထောင်ရဘူးတယ်။ ပေါက်ဖေါ်ဆိုတာ အဲဒီကတည်းကကြားဖူးတာ။ ကျွန်တော်က ၇-၈ တန်းလောက်နေမယ်ထင်တယ်။

၂။ ဗိုလ်ချုပ်နေဝင်း (ဗိုလ်ချုပ်ကြီးပေမယ့် အဲလိုပဲခေါ်ကြတာများတယ်။ တချို့က ဗိုလ်နေဝင်းပဲခေါ်ကြတယ်) ၂-၃-၁၉၆၂ အာဏာသိမ်းတော့ မနက် ၉ နာရီခွဲကနေစပြီး စစ်ချီသီချင်းတွေနဲ့ အကြိမ်ပေါင်းများစွာ အသံလွှင့်ခဲ့တယ်။ ကျွန်တော်က အသက် ၁၄ နှစ်သားရှိပြီ။

နှစ်ခုလုံးက မြန်မာ့အသံတွေချည်းပါ။ တကယ့်မြန်မာ့အသံကို အခုမှသာကြားရပါတော့မယ်။

ငယ်တုံးက နားထောင်ခဲ့ရတာကို ကြံ့ခိုင်ရေးရေဒီယိုလို့ ခေါ်တယ်။ အခုတော့ ကြံ့ခိုင်ရေးက အိုဟောင်းသွားပြီ။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး