Forced to change အပြင်ခံရခြင်း

ကွန်မင့်တခု = ဆရာ အာဏာရှင် စစ်အစိုးရရဲ့ စနစ်တကျ ဖျက်ဆီးမှုအောက်မှာ ပရမ်းပတာ ပျက်စီးနေတဲ့ မြန်မာပြည်သူတွေရဲ့ အမူအကျင့်တွေကို တစ်ယောက်တည်း အချိန်တိုတိုနဲ့ ပြင်ချင်နေတာလားဆရာ။ ပြုပြင်ဖို့ အချိန်ကာလ အတိုင်းအတာတခုထိတော့ လိုမယ်ထင်ပါတယ်။ မြန်မာပြည်မှာ တွင်ကျယ်နေတဲ့ လူအထင်ကြီးစရာ ကောင်းတဲ့စကား ငှါးသုံးပါရစေ။ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်တဲ့။

ဟုတ် ကျွန်တော့်မှာ ပို့စ်တိုင်းမဟုတ်တောင် နေ့တိုင်း ဆရာတွေက ပေါမှပေါ။ စိတ်ရှည်ပါ။ သည်းခံပါ။ ခွင့်လွှတ်ပါ့။

ဖေ့စ်ဘွတ်ကိုနားလိုက်ပြီး ဘလော့ခ်မှာသာစာတင်၊ အီးမေးလ်ကနေမေးတာကိုသာ ဖြေတော့မလားလို့ ကနေ့တော့  စဉ်းစားလာရပြီ။ ဘလော့ခ် ကွန်မင့်ကိုလည်း မတော်တရော်တွေရေးကြလို့ ပိတ်ထားတယ်။ ဖတ်တဲ့သူလျှော့မသွားပါ။ ၅ သိန်းပြည့်တာ တပါတ်လောက်သာ ရှိအုန်းမယ်၊ အခု ၅၁၃,၆၁၉ ယောက်ရှိနေပြီ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅
 ည ၁၁ နာရီ ၄၈ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး