Garden bird feeder ငှက်စာ

အိမ်နောက်ဘေးနားက သစ်ပင်လေးမှာ ငှက်စာကျွေးစရာလေး ဝယ်ပြီးချိတ်ဆွဲထားခဲ့တာ ၁၇-၆-၂ဝ၁၅ နေ့ ကတည်းကမို့ ၆ လတိတိရှိသွားပြီ။ ဒီမှာက ငှက်စာကျွေးတာ မြက်ခင်းနဲ့မြေကြီးမှာပက်ကျဲပြီး ကျွေးလို့မရဘူးတဲ့။ Wild bird food ငှက်စာ ၁ဝ ပေါင်အိတ်ကို ၆ ကျပ်ပေးရတယ်။

ရာသီဥတုအမျိုးမျိုးရှိတာ၊ မိုးရွာ၊ နေသာ၊ လေလာ၊ နှင်းပါကျတယ်။ တတ်နိုင်သလောက် တရက်တခါထွက်ကျွေးပါတယ်။ ပျက်တဲ့ရက်လည်း နည်းနည်းတော့ရှိခဲ့တယ်။ ဆောရီး။

ခုတလော ရာသီဥတုကအေးနေတယ်။ လေကလည်းတိုက်သေး။ ခဏလေးအပြင်ထွက် ငှက်စာကျွေးရတာကို အေးလို့ အမြင်ပြန်ဝင်ရတယ်။ ငှက်လေးတွေက ကျွေးချိန်တန်လို့ထွက်မလာသေးရင် ခေါ်နေတယ်ပဲထင်နေမိတယ်။ ငှက်စာကျွေးတဲ့သူ အခန်းထဲရောက်တာနဲ့ ရောက်လာကြပြီ အစီအရီ။ အကောင် လေးငါးခြောက်ဆယ်ရှိမယ်။

လူကလည်းကြောက်ကြတော့ ဓါတ်ပုံရိုက်မရဘူး။ ဖန်အိမ်လေးအောက်ခြေအဝိုင်းမှာ နားသူကနား၊ အောက်ကိုခါချ၊ အောက်ကျတဲ့အစာကို ဝိုင်းစားနေကြတာများ ကြည့်ရတာ အလွန်ပီတိဖြစ်စရာကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး