Ferritin test ဖါရတင်ဓါတ် များနေခြင်း

ဆရာရှင့် ကျမသားလေး ၂ဝ၁၄ ဇွန်လဆန်းမှာ မျက်လုံးတွေဝါအသားတွေဝါ ဆီးတွေလဲနီညိုရောင်ဖြစ်လုနီးပါး အန်တာလဲ အဝါရောင်တွေအန်လို့ ဆေးရုံတက်ရပါတယ်ဆရာ ကျမတို့က့ မှာနပာတယ်။ သားကအခု အသက် ၁၉ နှစ်ပါ။ ဘီပိုးစီပိုးလုံးဝမရှိပါဘူးဆရာ။ ဒါပေမဲ့ Ferritin ဆိုတဲ့သွေးစစ်ချက်က ၁၄၉၃ တောင်ရှိလို့ ရန်ကုန်လွှတ်ပါတယ်ဆရာ။့ အသည်းအထူးကုနဲ့ပြပါတယ်ဆရာ။ သူကအကုန်ပြန်စစ်ပါတယ် အကုန်ကောင်းတယ်ဆရာ။ အသည်းကို အာလ်ထရာဆောင်းရိုက် ခုနကအရမ်းများတယ်ဆိုတဲ့ Ferritin ဆိုတာကလဲ တစ်ရာကျော်ပဲရှိတော့တယ်။ တလကြာ ပြန်ပြပါပြန်ပြတော့လဲ အကုန်ကောင်းတယ် အခုပြီးခဲ့တဲ့ ၁၈ ရက်နေ့မှာ ပထမတစ်ခါဖြစ်သလိုပြန်ဖြစ်ပါတယ်ဆရာ ဒီတစ်ခါတော့ ရန်ကုန်ကိုချက်ချင်းကိုသွားပြပါတယ်။ ဒီတစ်ခါ ဆရာကြီး ဘွတ်ကင်မရလို့ ခုတင် ၅ဝဝ ဆံ့ အထူးကု ဆေးရုံပြင်ပလူနာမှာ သွားပြရတယ်ဆရာ။ အပြင်မှာသွေးစစ်ရတာတွေစစ်ပြီး ဘွတ်ကင်ရလို့ပြတော့ ၂၂ ရက်နေ့မှာ ပြလို့ရတယ်ဆရာ။ အဲ့ဒီမှာလဲဝါတာတွေအကုန်ပျေက်နေပီးသွေးစစ်ချက်အဖြေတွေလဲအကုန်ကောင်းတယ် Ferritin တစ်ခုပဲ ၁၉ဝဝ ကျော်တယ်။ အသည်းက အားလုံးကောင်းတယ်လို့ပြောပါတယ်။ အသည်းက အားလုံးကောင်းပါလျှက်နဲ့ အသားတွေဝါ မျက်လုံးတွေဝါတဲ့ရောဂါက ဘယ်သမားတော်ပြရမလဲလို့ ဆရာ့ကို လေးစားစွာ အကူအညီ အကြံညဏ်လေးပေးပါအုန်းဆရာ။

သွေးထဲမှာ ဖါရတင်ပရိုတင်းများနေတာကိုခေါ်တယ်။ နည်းနေရင် သံဓါတ်နည်းနေမယ်။ Ferritin ဖါရတင်ထဲမှာ သံဓါတ် ၂ဝ% ပါတယ်။

ပုံမှန်အဖြေ
ယောက်ျား = 24 - 336 nanograms per milliliter (SU) (သို့) 24 - 336 micrograms per liter (IU)
မိန်းမ = 11 - 307 nanograms per milliliter (SU) (သို့) 11 - 307 micrograms per liter (IU)

များနေရင် သံဓါတ်လိုတာထက် များနေမယ်။ အသည်းရောဂါ၊ rheumatoid arthritis လေးဖက်နာရောဂါ၊ တခြားရောင်ရမ်းရောဂါ တခုခု၊ hyperthyroidism လည်ပင်းကြီးဟော်မုန်းများတာဖြစ်နေနိုင်တယ်။ ဆီးချိုလည်းပါတယ်။ Hemochromatosis အစားအသောက်ထဲကသံဓါတ်ကိုလိုတာတက်ပိုပြီးစုပ်ယူတဲ့ရောဂါ၊ Porphyria အင်ဇိုင်းမ် နည်းတဲ့ရောဂါ၊ (သူကနေ အာရုံကြောနဲ့ အရေပြားကိုသက်ရောက်စေတယ်။) Leukemia လူကီးမီးယား၊ Hodgkin's lymphoma တက်စေ့ကင်ဆာတွေကနေလည်း များနေနိုင်တယ်။ သွေးသွင်းရဖန်များရင်လည်းဖြစ်နိုင်တယ်။

ရာသီဆင်းတာများလွန်းသူ၊ အစာလမ်းကစုပ်ယူစွမ်းနည်းနေသူ၊ကိုယ်တွင်းမှာသွေးယိုနေသူတွေမှာ ဖါရတင် နည်းနေနိင်တယ်။ ဖါရတင်နည်းနေရင် အလိုလိုအားယုတ်နေတာ၊ ခေါင်းမူးတာ၊ နာတာရှည်ခေါင်းကိုက်တာ၊ နားအူနေတာ၊ စိတ်ဂနာမငြိမ်ဖြစ်နေတာ၊ ခြေထောက်တွေနာတာနဲ့ အသက်ရှူမဝတာတွေခံစားရနိုင်တယ်။

ဖါရတင်များနေရင် ဗိုက်အောင့်တာ၊ ရင်တုန်တာ၊ ရင်ပတ်နာတာ၊ အလိုလိုအားယုတ်တာ၊ အဆစ်တွေနာတာတွေ ခံစားရနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး