Unwelcome claims on beer ဘီယာဟာ သောက်သင့်တယ်ဆိုတဲ့တင်ပြချက်ကို ငြင်းဆိုခြင်း

ဘီယာသောက်သင့်သည့်အချက် ၁ဝ ချက်၊ ကျန်းမာရေးဝက်ဆိုက်တခုကဆိုတာကို ဖတ်ရလို့ လွန်ခဲ့တဲ့ တနှစ်တိတိက ရေးထားခဲ့ပါတယ်။

၁။ (ကိုလက်စရော) ကို မြှင့်တင်ပေးနိုင်ခြင်းလို့ရေးတယ်။ တင်တဲ့သူစာရိုက်လွဲသလားမသိပါ။ သည်တင်ပြချက်ကမှန်လို့ ကျန်းမာရေးအတွက် မကောင်းပါ။

၂။ အသက်ရှည်စေခြင်းလို့ရေးတယ်။ သဘောမတူပါ။ ဝိုင်းဖွဲ့ရာကနေ ဆက်ဖြစ်တဲ့ ကျန်းမာရေး + လူမှုရေး + ရာဇဝတ်မှု + အိမ်ထောင်ရေး + စွဲပြီးဖြတ်မရခြင်းတွေပါရှိပါမယ်။ အသက်တိုစေပါမယ်။

၃။ ကယ်လိုရီပါဝင်မှု နည်းပါးခြင်းလို့ရေးတယ်။ အစားအသောက်တိုင်းကနေ ကယ်လိုရီရတာချည်းဖြစ်ပါတယ်။ ဘီယာက ထူးပြီးကောင်းတယ်လို့ပြောတာ နည်းလမ်းမကျပါ။ တိုတဲ့တုတ်နဲ့တိုင်းပုံရပါတယ်။

၎။ ကာဗွန်ဟိုက်ဒရိတ်ပါဝင်နှုံး လျော့နည်းခြင်းလို့ရေးတယ်။ ကာဗွန်ဟိုက်ဒရိတ်နည်းချင်ရင် ဘီယာမသောက်ပဲသာ နေသင့်ပါတယ်။

၅။ ရေနဲ့ အာနိသင်တူခြင်းလို့ရေးတယ်။ မတူပါ။ မူးယစ်စေတဲ့ဓါတ်ပါပါတယ်။ သဘာဝထုတ်ာတွေပါသတဲ့။ သဘာဝထုတ်ဆိုတိုင်းလည်း မကောင်းပါ။

၆။ ဗီတာမင် ဘီ ကြွယ်ဝခြင်းလို့ရေးတယ်။ ဗီတာမင်လိုချင်ရင် ဗီတာမင်ပါအစားအစာတွေစားပါ။ ဗီတာမင်ဆေး သောက်ပါ။ ဖေါလစ်အက်စစ်ပါလို့ကောင်းတယ်တဲ့။ ဖေါလစ်အက်စစ်က လူတိုင်းမလိုပါ။ လိုတဲ့သူကို မပေးလို့မဖြစ်ပါ ဥပမာ ကိုယ်ဝန်ဆောင်။ လိုအပ်ချက်ကလဲ မတူကြပါ။ များမပေးသင့်တာလဲရှိတယ်။ ဖေါလစ်အက်စစ်အကြောင်းစာကိုဖတ်နိုင်ပါတယ်။

၇။ ရေထက် ဘေးကင်းခြင်းလို့ရေးတယ်။ မဟုတ်ပါ။ ဘေးမကင်းတဲ့ရေလဲရှိတယ်။ ဘေးသင့်စေတဲ့ဘီယာလဲရှိတယ်။

၈။ ကင်ဆာကို တွန်လှန်နိုင်စွမ်းရှိခြင်းလို့ရေးတယ်။ မှားယွင်းပါတယ်။ ကင်ဆာဆိုတာက အမျိုးအစားတွေအများကြီး ရှိတယ်။ အသည်းကင်ဆာလူနာ ဘီယာကောက်ရင် အသက်ပိုတိုပါမယ်။ ဘယ်နိုင်ငံက ကင်ဆာဆေးရုံမှာမှ ဘီယာကို ကာကွယ်ဆေးအဖြစ်သုံးတာမရှိပါ။

၉။ ဘီယာသောက်တိုင်း ဗိုက်မရွဲပါလို့ရေးတယ်။ မဟုတ်ပါ။ တခွက်တည်း၊ တခါတလေသောက်ပြီး ဗိုက်တိုင်းထားရင် မသိသာပေမဲ့ တာရှည်သောက်သူတွေ ဗိုက်ခေါက်ထူလာပါမယ်။ ဘီယာက အကျင့်ဖြစ်စေ၊ စွဲစေနိုင်လို့ တာရှည်မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဖြစ်စရာတွေထဲမှာ ဗိုက်ပူတာလဲပါတယ်။

၁ဝ။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းလို့ရေးတယ်။ မဟုတ်ပါ။ အများလက်ခံထားတာက နှလုံးရောဂါအတွက် အသင့်အတင့်သောက်ရင် ကောင်းတယ်လို့ပြောတာက ဝိုင်အနီသာဖြစ်တယ်။ အဲတာလဲ ဝိုင်စက်ရုံတွေကနေ ငွေပေးထားတဲ့ ဆေးသုတေသနရလဒ်တွေသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၄
၂၁-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး