God bless you!

ကျွန်တော်က ခရစ်ယန်ဘာသာဝင်မဟုတ်ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ ခရစ်ယန်ဘာသာဝင်တွေ အများစုနဲ့အတူ နေထိုင်ခဲ့ရတယ်။ ဒေလီမှာနေတုံးက အခုလိုအချိန်မျိုးမှာ ကယ်ရိုးလ်အဖွဲ့တွေ ခရစ္ဓမတ်မတိုင်ခင်မှာ ၄-၅ ဖွဲ့ အိမ်ကိုသီချင်းတွေလာဆိုကြပြီး သူတို့ဘာသာအရ ဆုတောင်းပေးခဲ့ကြတယ်။

၂ဝဝ၂ ခုနှစ်က ကျွန်တော်တို့မိသားစု ဗုဒ္ဓဂယာ၊ ဗာရာဏသီ (မိဂဒါဝုန်)၊ သာဝတ္တိ (ဇေတဝန် ကျောင်းတော်)၊ ကုသိနာရုံ၊  ဝေသာလီ၊ ပတ္တနား (ပါဋလိပုတ်)၊ နာလန္ဒာ၊ ရာဇဂြိုလ်၊ (လုမ္မိနီကိုတော့ မရောက်ခဲ့ရဘူး) ဘုရားဖူးသွားကြတုံးက ခရစ္စမတ်နေ့မှာ သာဝတ္ထိကိုရောက်ကြတယ်။ ပါလာတဲ့ချွေးမအငယ်ဆုံးက ခရစ်ယန်ဘာသာဝင်ဖြစ်တယ်။ ဆရာတော် ဦးသြဘာသကနေ (မလျှောက်ထားဘဲနဲ့) ဘုန်းကြီးကျောင်းမှာရှိတဲ့ ခရစ္စမတ်သစ်ပင်ခေါ်ကြတဲ့ ပင်လယ်ကဗွီးပင်မှာ မီးရောင်စုံ ထွန်းပေးခဲ့တာကို မမေ့နိုင်ကြဘူး။ ၁၃ နှစ်ရှိသွားပြီ။

Merry Christmas!

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၅
(ဓါတ်ပုံ = ကျွန်တော့်မိသားစု၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းဆရာတော်နဲ့အတူ)

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး