Difficult countries သူလိုကိုယ်လို တိုင်းပြည်များ

အရင်တုံးက -
နီပေါနိုင်ငံမှာ ဘုရင်စနစ်ပြုတ်ကျပြီး လက်နက်ကိုင်တိုက်နေခဲ့တဲ့ မော်ဝါဒီအဖွဲ့က မြေပေါ်နိုင်ငံရေးနဲ့ လွတ်တော်ထဲ ရောက်လာချိန်မှာ Nepal shows the way ဆိုတဲ့အခန်းအနားတွေမှာ တက်ရတယ်။ စကားပြောရတယ်။ အားကျခဲ့ရတယ်။ နီပေါနိုင်ငံကိုရောက်ခဲ့ရတာ အခေါက်ပေါင်း မရေတွက်နိုင်ပါ။ နီပေါလွှတ်တော်မှာ လေ့လာရတော့ လွှတ်တော်ဥက္ကဋ္ဌကနေ NLD အမတ်တယောက်လည်းရှိနေကြာင်း လွှတ်တော်မှာကြေညာပေးတယ်။ နီပေါဝန်ကြီးချုပ် နှစ်ယောက်နဲ့ အလွန်ရင်းနှီးပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဆူဟာတိုအစိုးရပြုကျပြီး ပဌမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲကိုလည်း နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူအဖြစ် သွားခွင့်ရခဲ့တယ်။ အားကျခဲ့ရတယ်။ အင်ဒိုနီးရှားကို လေးခေါက်ထင်တယ် ရောက်ခဲ့ရတာ။

အဝေးရောက် တိဘက်အစိုးရနဲ့ ထဲထဲဝင်ဝင်ဆက်ဆံခဲ့ရတယ်။ သူတို့ထက် ကျွန်တော်တို့ မြန်မာ့ဒီမိုကရေစီရေးက ပိုမြန်စရာရှိလို့  တိဘက်တွေက ကျွန်တော်တို့ကို အားကျကြတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ မကြာခဏ တွေ့ရတယ်။ နာဂစ်မုန်တိုင်းမှာဒုက္ခရောက်သူတွေအတွက် အကူအညီကို ကျွန်တော့်ကနေတဆင့်လှူတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကြောင့် နိုင်ငံတကာအတူအညီတွေဖြတ်လိုက်ချိန်မှာ ဘုန်းတော်ကြီးက ကျွန်တော်အလုပ်ဆက်လုပ်နိုင်အောင် အကူအညီပေးခဲ့ပါတယ်။

ကမ္ဘောဒီယားမှာ ခမာနီကျဆုံးသွားပြီး ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူအဖြစ် သွားခွင့်ရခဲ့တယ်။ အားကျခဲ့ရတယ်။ ကမ္ဘောဒီယားကို အနည်းဆုံး လေးခေါက်လောက်ရောက်တယ်။ အလွန်ခင်မင်တဲ့ ကမ္ဘောဒီယားအမတ် ဆွန်ချေးက ကမ္ဘောဒီယား လွှတ်တော်ကိုလိုက်ပြတယ်။

အခုတော့
နီပေါမှာ နိုင်ငံရေးမတည်ငြိမ်သေးပါ။ ဖွဲ့စည်းပုံအထာမကျသေးပါ။ နောက်ဝန်ကြီးချုပ်တွေ တယောက်ပြီးတယောက် တက်နေတယ်။

အင်ဒိုနီးရှားမှာတော့ စစ်တပ်ကလွှတ်တော်ထဲမှာ နေရာဝင်မယူတော့ပါ။

တိဘက်က ထူးမခြားနားရှိသေးတယ်။

ကမ္ဘောဒီယားမှာ အဲဒီနှစ်ကတည်းက ဝန်ကြီးချုပ်လုပ်နေတဲ့ ဟွန်ဆန်ကပဲ အခုလည်းဝန်ကြီးချုပ်လုပ်နေတယ်။ ကျွန်တော်နဲ့ခင်တဲ့ အတိုက်အခံခေါင်းဆောင် ဆမ်ရင်ဆေး ပြည်ပြေးလုပ်နေရတယ်။

သူတို့အားလုံးက ကျွန်တော်တို့မြန်မာနိုင်ငံကို အားကျနေကြမှာ အမှန်ပဲ။ မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရင် အားလုံးက ကျွန်တော့်ကို ကွန်ဂရက်ကျူလေးရှင်းလို့ပြောကြမှာ သေချာတယ်။ ကျွန်တော်ကတော့ မြန်မာပြည်သူတွေကိုပဲ ကွန်ဂရက်ကျူလေးရှင်းလုပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁၂-၂ဝ၁၅
ဓါတ်ပုံ = ကမ္ဘောဒီယားရွေးကောက်ပွဲ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူကပ်ပြား

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး