2016 ၂ဝ၁၆ မှာပေါ်လာပါစေ

ကွန်မင့်ကနေ မေးခွန်းမေးတာ လျှော့မလာသေး။ ကွန်မင့်မှာ အရုပ်တွေ၊ စတစ်ကာတွေ လာတင်တာလည်း နည်းမသွားသေး။ အသက်-ကျား-မ မပြောမပြချင်သူလည်း စံချိန်မကျသေးပါ။

သူများလက်ရာတွေ ကူးတင်တာကို ကိုယ်တိုင် ကောင်း-မကောင်း၊ ကြိုက်-မကြိုက်လို့ ကီးဘုတ်နှိပ်တာလို အဆင့်တူ မထားချင်ပါ။ အဲလိုဟာတွေက နေရာတကာမှာတွေ့နေရလို့ အီနောက်လာတယ်။

(ဟုတ်) ဆိုတာရယ်၊ (ကျေးဇူး) ဆိုတာရယ်နဲ့ ဖြစ်နိုင်ရင် (မေးနည်းစည်းကမ်း) ကို (အီမိုအိုင်ကွန်) လို့ တံဆိပ်တုံးနှိပ်သလို လုပ်လိုရရင် သိပ်ကောင်းမှာပဲ။ သုံးရဖန်များလွန်းလှတယ်။ ကော်ပီ-အင်-ပေ့စ် လုပ်ရတာကိုက အချိန်မနည်းကုန်တယ်။

၂ဝ၁၆ ထဲမှာ စည်းကမ်းကောင်းတာတွေ၊ အဆင်ပြေတာတွေ ပေါ်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး