Stress စိတ်ဖိအားများခြင်း


ကျနော်က ဆရာတစ်ယောက်ပါ။ ဒီကနေည ၇နာရီလောက်ကမှ တပည့်မလေးတစ်ယောက်က ကြောက်တယ် ကြောက်တယ်၊ ငါ့ကိုသူတို့ စာကျတ်လို့ မရအောင် လုပ်နေကြတာဆို ရုတ်တရတ်ထငိုပါတယ်။ သူ့မှာ အသိစိတ် ပျောက်မနေပါဘူး။ ဆရာဆရာမတွေကို သူသိနေပါတယ်။ ဒါပေမယ့် အတင်းရုန်း ငိုနေတော့ သရဲပူးတယ်ဆိုပြီး တခြားကလေးတွေလည်းကြောက်နေပါတယ်ဆရာ။ ဒါမျိုးဖြစ်ရပ်ကို ဆေးပညာလောကမှာ ဘယ်လိုခေါ်ပါသလဲ။ ဘာအကြောင်းတွေကြောင့် ဖြစ်ပါသလဲ။ ဖြစ်လာခဲ့တဲ့အခါမှာလည်း လူနာအပေါ် ဘယ်လို ပြုစုစောင့်ရှောက် ထိန်းသိမ်းရမယ်ဆိုတာလေးပါ သိချင်ပါတယ်ဆရာ။ မနက်ဖြန် ကျောင်းတွင်း ၁ဝဝ ဖိုးမေးခွန်း စာမေးပွဲဖြေမှာပါ။

• စိတ်ဖိအား Stress များလို့ဖြစ်ပါမယ်။ စိတ်ရောဂါလို့မဟုတ်သေးပါ။
• သူရဲပူးတယ်ဆိုတာက အရပ်ခေါ်သာဖြစ်ပါတယ်။ မမှန်ပါ။
• Prozac, Celexa, Paxil, Elavil, Luvox, Luvox CR, Vanatrip ဆေး တမျိုးမျိုးတိုက်ရင် သက်သာပါမယ်။
• ဆေးထက်အရေးကြီးတာက စိတ်ကိုပြေလျှော့စေအောင် မိဘ၊ ဆရာ-ဆရာမနဲ့ သူငယ်ချင်းတွေကနေ အားပေးကူညီဘို့ပါ။
• Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း http://doctortintswe.blogspot.com/2014/11/anxiety-disorders.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး