December days ထွက်ပြေးရတာ ဒီဇင်္ဘာ
ဒီရက်တွေဟာ ၁၉၉ဝ တုံးက စစ်အစိုးရဖမ်းတာမခံရအောင်ရှောင်တိမ်းနေရချိန်ပါ။ အကာအကွယ်ပေးကြသူတွေ၊ နေစရာ၊ အိပ်စရာ၊ စားသောက်စရာ၊ သွားလာစရာမှန်သမျှ လိုလေသေးမရှိရ ဖြည့်ဆည်းပေးကြသူတွေ၊ အဆုံးအမစကား လာရောက်မြွက်ကြားပေးသူတွေ၊ သတင်းဆက်သွယ်ရေး ဆောင်ရွက်ပေးသူတွေကို မမေ့ပါ။
သူတို့နာမည်တွေဟာ ဘယ်သောအခါမှ ကိုယ်ပိုင်ဒိုင်ယာရီထဲကအစ သမိုင်းစာမျက်နှာတွေပေါ် အတင်ခံရမှာမဟုတ်ပါ။ လူသာဆွေးတယ် အမှုကမဆွေးဘူးလို့ ဇနီးကမကြာမကြာသတိပေးလို့ပါ။ စိတ်ထဲကနေသာ ဆုတောင်းပေးရတယ်။
အေးလှချမ်းလှပေမယ့် ချွေးပြန်အောင်ပုန်းခဲ့ရတယ်။ ခဲလောက်အောင်အေးတဲ့ တောင်ပေါ်ချောင်းရေစီးတွေထဲမှာ ခြေဗလာနင်းပြီး ဖြတ်သန်းခဲ့ရတယ်။ စိုထိုင်းနေတဲ့မြေကြီးပေါ်မှာလည်း အိပ်စက်ခဲ့ရတယ်။ သူများတိုင်ပြည်မှာ ခိုလှုံလိုက်ရတယ်။
အဲဒီကတည်းက ဒီဇင်္ဘာလဟာ ကျွန်တော့်ဘဝမှာ ပုန်းရှောင်ထွက်ပြေးရတဲ့လလို့သာ သတ်မှတ်ထားလိုက်တော့တယ်။
ဒေါက်တာတင့်ဆွေ
၁၅-၁၂-၂ဝ၁၅

Comments
Post a Comment