The runner ကျွန်တော်အပြေးသမား

ပြန်စဉ်စားရင် မာရသွန်။ ၂၅ နှစ်အလွန်ကတည်းက စတာကိုး။ လူတိုးပေါက်က ထွက်ပြေးရတယ်ဆိုတော့ တာတိုသမားလိုပေါ့။ မြန်မှမြန်။ နောက်ပြန်လှည့်မကြည့်။ ပြေးလမ်းမှာရှိတဲ့ အတားအဆီးတွေကိုပါ ဖြတ်ကျော်ရတာ (ဟာဒယ်) ပေါ့ဗျာ။

ပြေးနေရင်းမှာ လွန်ဆွဲရသေးတာ။ ခေါင်းအုန်းရိုက်တာလည်းပါ။ တခါတခါ အမြင့်ခုံ၊ တုတ်ထောက်ခုန် အစုံပါပဲ။ ဂုံနီအိတ်စွပ်ပြေးတဲ့အခါပြေး၊ အားလူးလေးဇွန်းကိုက်ပြေးတာရော။ ချောတိုင်လည်းတက်ရ၊ အောက်ပဲ ရှောကျတယ်။ ကိုယ်ကမကျွမ်းတော့ ဘောက်ဆင်နဲ့ နပမ်းတော့ မသတ်ပါ။

လဲတဲ့အခါလည်းလဲ၊ ကွဲတဲ့အခါလည်းကွဲ၊ ဒီကြားထဲ ခြေတဖက်နဲ့ လက်တဖက်ပါကျိုးရသေး။ ကြက်ခြေနီလေး တတ်ထားလို့သာ မထောင်းတာ။

ပန်းဝင်မယ့်နေရာက လှမ်းမမြင်ရ။ ဒိုင်ညစ်တာက အရင်ခံရတယ်။ တာထွက်စောလို့တဲ့။ ပြောပါရစေ လမ်းခုလပ်က ဆုတက်ယူချင်ကြသူတွေကလည်းပါသေး။ တာဝေးဆိုတော့ တဖြေးဖြေးနဲ့ ပြေးလမ်းမှာ လူကနည်းနည်းလာတယ်။

အခုတော့ဗျာ အကြာကြီးပြေးလာရသူမို့ ပန်းတိုင်ကဖဲကြိုးလွန်တာတောင်မှ ရပ်မရသေးပါ။ ဟောဟဲ ဟောဟဲ၊ မောနေဆဲ။

ဒေါက်တာတင့်ဆွေ
၁၅-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး