Justice တရားသူကြီးနဲ့ တရားကြီးသူ

သတင်း = အစိုးရသစ်အတွက် တရားသူကြီး ၆ဝ ဝန်းကျင် အစားထိုးခန့်အပ်ဖို့ NLD ပြင်ဆင်

မြန်မာနိုင်ငံမှာ ပညာရေးစနစ်နဲ့ ကျန်းမာရေးစနစ်ထက်ဆိုးတာက တရားစီရင်ရေးစနစ်ဖြစ်တယ်။ တရားသူကြီးဆိုတာ ဥပဒေပညာတတ်ရုံနဲ့မပြီးပါ။ ဥပဒေဆိုတာတွေက တရားမျှတရမယ်။ ဥပဒေအားလုံးကိုချုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကပါ တရားမျှတရမယ်။

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ရှိစဉ်က ဘုရင့်ပါးစပ်ကထွက်တာတိုင်းက စီရင်ချက်ဖြစ်တယ်။ ဘုရင့်အောက်မှာ လွှတ်တော်၊ ဝန်ကြီး၊ မြို့စား၊ ကလန်၊ သံပြင်၊ လုလင်ကျော်တွေထားတယ်။ နောက်မှာ ရာဇသတ်ကြီး၊ ဓမ္မသတ်၊ ဖြတ်ထုံးတွေ ပေါ်လာတယ်။

၁၈၈၆ ဗြိတိသျှအုပ်စိုးတော့ Court of Judicial Commissioner ကိုမန္တလေးမှာထားတယ်။ Indian Penal Code (1860), Criminal Procedure Code (1862), Indian Evidence Act (1872) နဲ့ Civil Procedure Code (1859) တွေကို ကျင့်သုံးတယ်။

လွတ်လပ်ရေးရပြီးတော့ Union Judiciary Act of 1948 နဲ့ Supreme Court, High Court နဲ့ Subordinate Courts တွေ ဖြစ်လာတယ်။

၁၉၆၂ တော်လှန်ရးကောင်စီကအာဏာသိမ်းတော့ အဲတာတွေကိုဖျက်ပြစ်ပြီး၊ Chief Court ကို ဆိုရှယ်လစ်ပုံစံနဲ့ လုပ်တယ်။ ၁၉၇၄ မှာ ဖွဲ့စည်းပုံအသစ်အရ ဗဟို၊ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကျေး တရားရုံးတွေ လုပ်တယ်။
၁၉၈၈ (နဝတ) ကအာဏာသိမ်းတော့ Supreme Court နဲ့ High Court တွေကို အသစ်လုပ်တယ်။ ၂ဝဝဝ ခုနှစ်မှာ Judiciary Law နဲ့ အသစ်လုပ်တယ်။ ၂ဝ၁ဝ မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအရဖြစ်လာတယ်။ ဥပဒေပြုရေးကို ပြည်ထောင်စု လွှတ်တော်ကလုပ်တယ်။ Supreme Court of the Union, High Courts of the Region, High Courts of the State, Courts of the Self-Administered Division, Courts of the Self-Administered Zone, District Courts, Township Courts တွေနဲ့ တခြားတရားရုံးတွေဖြစ်လာတယ်။ Courts-Martial နဲ့ Constitutional Tribunal of the Union တွေ ပါတယ်။ ၂၈-၁ဝ-၂ဝ၁ဝ နေ့မှာ Union Judiciary Law ဖြစ်လာတယ်။

သမတကနေ Chief Justice နဲ့ Judges of the Supreme Court တွေကိုလွှတ်တော် အတည်ပြုချက်နဲ့ခန့်တယ်။
High Court တိုင်းမှာ ဒေသဆိုင်ရာ Chief Justice of the High Court တွေထားတယ်။ တခြားတရားရုံးတွေဆိုတာ Juvenile Courts နဲ့ Municipal Courts တွေဖြစ်ကြတယ်။ Supreme Court of Myanmar မှာ Chief Justice အပါအဝင် တရားသူကြီး ၇ ဦးကနေ ၁၁ ဦးအထိထားတယ်။ သမတဦးသိန်းစိန်ကနေ ဦးထွန်းထွန်းဦးကို Chief Justice ခန့်တယ်။ ၁၇-၂-၂ဝ၁၁ နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တယ်။

မြန်မာပြည်မှာ တရားသူကြီးတွေ နာမည်ကြီးခဲ့သူတွေရှိတယ်။ နာမည်ပျက်ခဲ့သူတွေကတော့ ပိုများတယ်။ လွတ်လပ်ရေး ရတဲ့ကာလမှာ ဦးချန်ထွန်း၊ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ ဒေါက်တာမောင်မောင်၊ ၁၉၈၈ အရေးအခင်းကာလမှာ ဦးတင်အောင်ဟိန်းနဲ့ နဝတ-နအဖ လက်ထက်မှာ ဦးအောင်တိုးနာမည်ထွက်ခဲ့တယ်။

မှတ်သားစရာ စကားများ
- အယ်လီ ဝီဆယ်လ် = ကျွန်တော်တို့မှာ မတရားမှုကို တားမြစ်နိုင်စွမ်းမှာ အာဏာမရှိတာမျိုးကြုံရတတ်တယ်။ ဒါပေမယ့် တားမြစ်ဖို့ရာ ဘယ်တော့မှ မပျက်ကွက်ပါနဲ့။
- မဟတ္တမဂန္ဒီ = အမှန်တရားဟာ ဘယ်တော့မှ တရားမျှတတဲ့အကြောင်းရင်းကို မပျက်စီးစေဘူး။
- ဂျော့ မာတင် = လူတယောက်ကို သေဒဏ်စီရင်ချက်ချမှတ်တိုင်း ပြစ်ဒဏ်ကျသူရဲ့ မျက်လုံးကိုကြည့်ပါ။ သူ့နောက်ဆုံးစကားကို နားထောင်ပါ။ အဲလိုလုပ်ခွင့်မပေးရင် အဲဒီလူဟာ မသေထိုက်ဘူး။
- ဂျေ ကေ ရိုလင်း = ငါထောင်ကျတဲ့အတွက် ငါလူသတ်မှုတခုကျူးလွန်ဘို့ လိုနေတယ်။
တရားစီရင်ခွင့်အာဏာရှိသူတိုင်းကို တရားသူကြီးလို့ခေါ်ကြပေမယ့် သူတို့အားလုံးဟာ တရားတဲ့သူ မဟုတ်နိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး