Roadside medicines အရပ်ဆေးနဲ့ လမ်းဘေးဆေး

• ကျွန်တော်ချစ်သူ ဆီးစစ်တော့ အနီရောင်အတန်း ၂ ချောင်းပေါ်လာတယ်။ အယ်ဒါ ကိုယ်ဝန်ရှိနေပြီလာဆရာ။ ကိုယ်ဝန် မယူချင်ဘူးဆိုရင် ဘာဆေးဝယ်တိုက်ရမှာလဲဆရာကူညီပါ။ ကိုယ်ဝန်က၂ လဆိုရင် ဘာဆေးသောက်ရင် ပိုသေချာလဲဆရာ။ နောက်ပြီး လမ်းဘေးဆေးဆိုင်မှာရောင်းတဲ့ဆေးပေါ့ဗျာ။

• ဆာရာခိုသောက်လို့ ဗိုက်ချပ်တယ်တို့ ကင်ဆာပျောက်တယ်တို့က ခုခေတ်စားနေတယ်ဆရာ သိချင်ပါတယ်။ ဖြစ်နိုင်ပါ့မလားလို့။ တချို့ မိန်းကလေးတွေလိုက်သောက်နေတယ်။ နောက်ချောင်းဆိုးပျောက်တယ်တဲ့။ ရေနွေးထဲ ထည့်သောက်ရင်။ သိချင်ပါတယ်ဆရာ။

• ဆရာ သွေးကြောပိတ်တဲ့ရောဂါလေးကူညီနိုင်ရင် ကူညီပါဆရာ။ လေးစားစွာဖြင့်

• ဆရာ ကျွန်တော် mail မပို့တက်လို့ပါ ခင်ဗျာ အဆုတ်တီဗွီ (တီဘီ) ရောဂါက ဘယ်လိုတွေ ကူးစက်နိုင်ပါလည်းခင်ဗျာ။

• စာမေးပွဲကိစ္စနဲ့ နယ်သွားရမှာမို့ ရာသီမလာအောင် တာမယ့်ဆေးလေးများသိရင်ပြော ပြပေးပါလားရှင့် ကသိကအောက် ဖြစ်မှာဆိုး (စိုး) လို့ပါရှင့်။ ဆရာရှင့် ကျေးဇူးပြု၍ပြောပြပေးပါနော်။

• ဆရာ မင်္ဂလာပါခင်ဗျ။ ကျွန်တော် ခေါင်းကိုက်ခြင်းနဲ့ပတ်သက်ပြီး ပိုပြီးပြည့်ပြည့်စုံစုံလေး ဖော်ပြပေးစေချင်ပါတယ်ဆရာ။ ကုထုံးလေးတွေပါတင်ပေးစေချင်ပါတယ်လေးစားစွာဖြင့်။

• ဆရာရှင့် ကလေးယူဖို့ ကြိုးစားနေတဲ့ အချိန်ကာလတွေမှာ ချောင်းအရမ်းဆိုးနေရင် ကိုယ်ဝန်သန္ဓေသား မြဲနိုင်ပါ့မလား။ ချောင်းဆိုးလွန်းလို့ ဗိုက်ကြောတွေပါနာလာတာ။ ကိုယ်ဝန်တစ်ပတ်သားလောက်ကို ထိခိုက်နိုင်ပါသလားရှင့်။

• သမီးတခုလောက်မေးပါရစေရှင့် သမီးက အခုကိုယ်ဝန်နဲ့ပါ။ မနေ့က အအေးပတ်ပြီး လည်ချောင်နာ၊ နှာစေး၊ ကိုယ်တွေလဲ ပူနေပါတယ်ဆရာ။ ကိုယ်ဝန်ရှိနေတော့ ဆေးတွေအရမ်းမသောက်ရဲဘူးဖြစ်နေလို့ ဘာဆေးကို ဘယ်လိုသောက်ရမလဲ ကူညီပါအုံးဆရာ။ ကျေးဇူးတင်လေးစားစွာဖြင့်။

• Ultrasound စက်အသစ်ဆိုတာ 4D ကိုပြောတာလားဟင်။ ဘယ်လိုဟာကိုပြောတာလဲဆရာ။ သမီးက ၁၃ ပတ်ဆိုတော့ ဘာလေးလည်းသိချင်လို့ပါ။

နေ့တိုင်းနေ့တိုင်း မေးခွန်းတွေဖြေရတာနဲ့ဆတူလောက် မေးနည်းစည်းကမ်းကိုပြန်ပို့နေရတယ်။ ကြော်ငြာဆေး၊ အရပ်ဆေး နေ့တိုင်းမေးတယ်။ အသက်နဲ့ ကျား-မ မပြောကြတဲ့ရောဂါလည်း ခုထိ ကုလို့မနိုင်သေးပါ။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး