Birth control methods for you တားနည်း-တားဆေး ဘယ်လိုရွေးမလည်း

ဆရာ သမီးကအသက် ၃၀ ပါဆရာ။ သမီးကအရင် ၃ လခံထိုးတာဆရာ။ လူကဝလာလို့ ကွန်ဒွမ်သုံးတာဆရာ။ ကွန်ဒွမ်သုံးရင် ကလေးရနိုင်လာသိချင်းလို့ပါဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါအုန်းဆရာ။ အခု ကလေးနှစ်ယောက် ရှိတယ်ဆရာ။ ဖြစ်နိုင်ရင်ကလေးမယူချင်းတော့လို့ပါဆရာ။ ခုသမီးက ရာသီလာရက် ၄ ရက်ကျော်သွားလို့ပါဆရာ။

၁။ Birth Control Pill ကိုယ်ဝန်တား စားဆေးများ
က။ လူအများဆုံးသုံးတဲ့ ဟော်မုန်းနှစ်မျိုးတွဲဆေး
ခ။ Minipill (Progestin-Only) (မီနီ-ပီးလ်)

၂။ Depo Provera (ဒီပို) ၃ လခံ ထိုးဆေး

၃။ IUCD/IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း

၎။ Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း

၅။ Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ

၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)

၇။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)

၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း

၉။ Cervical Cap သားအိမ်ဝ အပိတ်

၁ဝ။ Diaphragm သားအိမ်ဝ အဖုံး

၁၁။ Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်

၁၂။ Spermicide သုက်ပိုးသတ်ဆေး

၁၃။ Calendar method နေ့ကောင်းရက်သာရွေးနည်း

၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း

၁၅။ Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း

၁၆။ Combination injection နောက်ပေါ်ထိုးဆေးနည်း

၁၇။ အသက်မငယ်သူများအတွက် ရွေးချယ်နည်း

၁၈။ Emergency contraceptive pill အရေးပေါ်တားဆေး

ကိုယ်ဝန်တားနည်း တားဆေး ဘယ်ဟာရွေးမလည်း
(၁) ကိုယ်ဝန်တားနည်းများရဲ့ ထိရောက်မှု အများဆုံးနည်းတွေ
• အရေပြားအောက် ဆေးချောင်း၊ သားအိမ်ထဲထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်းများ၊ = 99%
• ထိုးဆေး၊ = 97%
• စားဆေး၊ (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• (ကွန်ဒွမ်)၊ သားအိမ်ဝအဖုံး-အပိတ်၊ ဆေးမြှုပ်၊ = 84-89%
• ဝေရာမဏိ = ၁ဝဝ%

(၂) ထိရောက်မှု အနည်းဆုံးနည်းတွေ
• အကာအကွယ် လုံးဝမသုံးခြင်း = 85%
• သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• နေ့ကောင်းရက်သာ ရွေးနည်း = 25%
• အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

နည်းအားလုံးကို တခုချင်းရေးထားပါသေးတယ်။ တချို့ကိုသာ ဖေ့စ်ဘွတ်မှာတင်ပါတယ်။ တိတိကျကျသိလိုသူများ မေးနည်းစည်းကမ်းနဲ့အညီ မေးနိုင်ကြပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး