Water bottle စစ်ရေဘူး

ကျွန်တော့်ပို့စ်တခု = Government servants မလုပ်-ရှုတ်-ပြုတ်

သတင်းတခု = ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာသာလိုချင်တယ်ဆိုတာကို လုံးဝမလိုချင်ဘူး

ကွန်မင့်တခု = Yin Myo Thidar ဆရာရယ် ရုံးပေါ်ကလူတွေသာ နေရာကောင်းတာပါ။ စစ်ဗိုလ်တိုင်းမဟုတ်ဘူးဆရာ။ သူတို့ပါတနာ မျက်စိကြတဲ့သူတွေသာ နေရာကောင်းယူတာပါ။ ပြောပြရရင်အရှည်ကြိးပါ။ သဘောက စစ်ရုံး နေဖူးသူတွေကသာ ပိုကောင်းစားတာပါ။ ခြေလျှင်ခဏဆင်း၊ ရာထူးယူပြီး စစ်ရုံးရောက် ခုရာထူးအကြီးပိုင်းတွေဟာ စစ်ရုံးမှာမနေဘူးသူ မရှိသလောက်ပါပဲလေ။ စိတ်မပူကြပါနဲ့ အသိုင်းဝိုင်းနည်းသူ၊ ဆရာမရှိလို့ ချောင်ရောက်နေသူတွေ အများကြီးပါ။ ငခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်တာပါ။ ကောင်းစားသူ လက်တဆုပ်စာကြောင့် သိမ်းကြုံး အပြောခံနေကြရတာ ခုဆီထမင်း ခုစာလေးကြော်တွေပါဆရာရယ်။ သမီးတို့ စစ်တပ်မှာ တစ်မျိုးပဲရှိတယ်ဆရာ။ ခုတမျိုး တော်ကြာမျိုးလေ။

၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်သူပြည်သားတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက်မဲပေးရွေးချယ်ပေးလိုက်တယ်။ ဒေါ်စုက အတွေးအမြင်အဟောင်းတွေ၊ အလုပ်အကိုင်အဟောင်းတွေ၊ အဆုံးအမဟောင်းတွေကို ပြုပြင်ဘို့စလုပ်နေပြီ။

စစ်တပ်ထဲမှာ စစ်သည်တွေကနေ မဲပေးရွေးချယ်နည်းနဲ့ စစ်တပ်အကြီးအကဲရွေးချယ်ပွဲ လုပ်ပေးသင့်တယ်။ စစ်သည်မိသားစုတွေလည်း မဲပေးခွင့်ပေးသင့်တယ်။ ရေခပ်နည်း လှုပ်ရှားမှုကြီးကနေ စပြီးလုပ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး