Monday, May 18, 2015

Killing Field မြန်မာစာ သတ်ကွင်း

- ရန်ကုန်တိုင်းမီဒီယာက ဗိုလ်တိုက်ချွန်းဟာ ဂေါ်ရခါးလူမျိုးတဲ့။ အမှန်က ချင်းအမျိုးသားပါ။
- မြန်မာ့အလင်းအယ်ဒီတာ အသည်းရောင် (စီ) ဟာ လေကကူးစက်တာတဲ့။ အမှန်က သွေးကတဆင့်ကူးတယ်။

- သစ်ပင်ပြခန်းကစာတမ်း = ထိုင်းမန်ကျီးချို။  အမှန် = မန်ကျည်း။
- ဗီနိုင်းတခု = လူမှု့နှင့်တရားမျှတမှု့။ အမှန် = မှု။

ဆုံးမစာ
(၁) အဲ့ ယောကျာ်းဆီမှာ တွယ်ကပ်မနေဘူး။ (အဲဒီစာမှာ ယောကျာ်း ၃-၄ ခါပါတယ်) အမှန် = ယောက်ျား။
(၂) ကိုယ့်ကိုကိုယ်။ အမှန် = ကိုယ့်ကိုယ်ကို။

စာအုပ်မျက်နှာဖုံး
(၁) ဖိနပ်ခြောက်ရန်နှင့် အခြားစာစုများ (အရိုး)။ အမှန် = ဖိနပ်ခြောက်ရံ။
(၂) လာချစ်သူ နှစ်ပါးတွားမယ် (မိန်းကလေး)။ အမှန် = နှစ်ပါးသွားမယ်။

မှတ်ချက် = ဟာသလိုရေးတာဖြစ်ပါစေ၊ စာအုပ်မျက်နှာဖုံးမှာ အဲလိုရိုက်ထားတာဟာ မြန်မာစာကိုသတ်နေတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀