Tuesday, May 26, 2015

Timing ကာလံဒေသံ လျော်ကန်ပါစေ

၁၉၉ဝ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ သတိထားမိတာတခု ပြောပါရစေ။ ရွေးကောက်ပွဲနီးလာချိန်မှာ ဘာတွေ ထူးလာသလည်း။ သုတေသနဆန်းစစ်မှုတော့ မလုပ်အားပါ။ တန်းမြင်နေတာကို ပြောချင်ပါတယ်။

အာဏာယူပါတီကြီးနဲ့ အားခဲပြီး ထပ်တလည်းနွှဲအုံးမယ့် NLD ပါတီတွေအပေါ် မီဒီယာကနေ ဘယ်လိုရေးနေ ပြောနေ ဝေဖန် ပြစ်တင်နေကြသလည်း။

အစိုးရနဲ့ ပြည်ခိုင်းဖြိုးကို ပြောရတာမောသွားကြလို့လား၊ ပြောလည်းထူးမှာမဟုတ်လို့ မပြောချင်ကြတော့တာလား မသိပါ၊ ပိုပြီးဝေဖန်ကြတာ မတွေ့ပါ။ မဲရရေပေါ်လစီတွေ၊ လေချိုသွေးတာတွေ ရှိလာလို့ ခြုံလိုက်ရင် ပြည်ခိုင်းဖြိုးရဲ့ အကွက်ထဲ တန်းဝင်နေကြသူမနည်းတာ လေ့လာလို့ရတယ်။

NLD ကိုကြတော့ ပြောင်းပြန်။ ဒေါ်စုဆိုတာနဲ့ ဘာမှလာပြောမနေနဲ့ ချစ်ခင်လေးစား အားထားပြီးသူတွေက ရှိပြီးသားက လုံးဝမပြောင်းကြပါ။ တမျိုးတိုးလာတာက ဝေဖန်ရေးလုပ်သူတွေက ပိုပြီးခပ်နာနာဝေဖန်လာကြတယ်။ နိုင်ငံရေးမှာ ဝေဖန်ရေးကို ထောက်ခံ ကြိုဆိုပါတယ်။ ဒါပေမယ့် ကာလဒေသကြည့်သင့်ကြတယ်လို့ ယူဆတယ်။ ဝေဖန်ချက်ဟာ မှားတယ်လို့ ငြင်းချက်ထုတ်တာမဟုတ်သလို မှန်တယ်လို့ပြောနေတာ မဟုတ်ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်က ဝေဖန်ချက်ကို ကနေ့ စကားလုံးမရွေးပဲ ထပ်တင်တာမျိုးဖြစ်အုံးတော့ သက်ရောက်မှု ပြောင်းပြန်ဖြစ်စေနိုင်တယ်။

နိုင်ငံရေးမှာ ပေါ်ပင်တွေကနေဖြစ်ဖြစ်၊ သဘာရင့်တွေကနေဖြစ်ဖြစ် အဲလိုလုပ်လာရင် နှစ်ခါပြန်စဉ်းစားကြည့်မိတယ်။ အော့့် သူတို့လည်း ဟိုဖက်မှာ မပါရင်တောင်မှ ဟိုဖက်ကို မေ့ထားကြတာပဲလားလို့ ကောက်ချက်ချမိပါတော့တယ်။

အာဏာရအစိုးရပါတီဟာ ရွေးကောက်ပွဲမှာ တပန်းသာတယ်ဆိုတာထက်ပိုကဲပြီး၊ အဲလိုလူတွေရှိနေတာဟာ အာဏာယူပါတီ ကံကောင်းစေရာကျတယ်လို့ အားနာခြင်း အလျဉ်းမရှိ ဝေဖန်လိုက်ပါကြောင်း။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...