Thursday, May 21, 2015

Goodbye Surgery ခွဲတော့ခွဲပါတယ်

- Khin Lay ဆရာ ဒီမှာ GED ပြန်တက်ပြီး ပေါင်းကူးလုပ်လို့မရဘူးလား။ ဆရာရဲ့ပညာတွေကို အရမ်းနှမြောတယ်။
- Hsihsi Sukyi နှမြောလိုက်တာ။ ပညာကိုစေတနာနဲ့ပေါင်းစပ်ထားတဲ့ မေတ္တာဆရာဝန်ပါ။

ကျွန်တော်က ဗမာပြည်ကလူနာတွေပဲခွဲပေးချင်တာက ခက်နေတယ်။ ဒေလီမှာတုံးက ကိုယ်ပိုင်ဆေးခန်း အသစ်တခုဖွင့်တဲ့ အိန္ဒိယသားဆရာဝန်ကနေ ကျွန်တော့်အကြောင်း နည်းနည်းသိလို့ လာစပ်တယ်။ အဲတာနဲ့ အရေးပေါ် (အွန်ကော ဆာဂျင်) လုပ်ရတယ်။

LSCS ဗိုက်ခွဲမွေးပေးရတာများပါတယ်။ OG ဘွဲ့ရထားတဲ့ဆရာဝန်မက ကျွန်တော့်ကို Assist လုပ်တယ်။ မလုံသလိုပဲ။ အဲဒီမှာ ခါးထုံဆေးထိုးဖို့ မေ့ဆေးဆရာဝန်လဲကိုယ်ပဲ။

ရှားရှားပါးပါး Hypospadias repair ဆိုတာတခုပါ လုပ်ခဲ့သေးတယ်။ ယောက်ျားလေးတယောက်  မွေးရာပါ ဆီးထွက်ပေါက်က လိင်တံအဖျားမှာမဟုတ်ပဲ အထက်နားမှာဖြစ်နေတာပေါ့။ ဒေလီမြို့ကြီးက ဆင်ခြေဖုံးရပ်ကွက်ထဲက အဲဒီဆေးခန်းလေးမှာ ရိုးရိုးခွဲစိတ်ကိရိယာတွေနဲ့သာ ဖြစ်အောင်ချလိုက်ရတယ်။

ကျွန်တော်က မရှိရှိတာနဲ့ဖြစ်အောင်ခွဲစိတ်တာ၊ ကုသတာမှာ အထုံပါနေတယ်။ ၄-၅-၆ လ လုပ်ပြီးတော့ ဆက်မသွားဖြစ်တော့ပါဘူး။ တခါခွဲ ၅ဝဝ-၁ဝဝဝ တော့ရပါ့ရဲ။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၅
Photo: Laparotomy and Appendectomy on 22-4-2014 at Yamuna clinic for Burmese community in India, New Delhi

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...