Super capsule သူငယ်ချင်းကညွှန်တဲ့ဆေး



Sat, May 9, 2015 at 5:04 AM
ဒေါက်တာရှင့် ရိုသေစွာဖြင့်စာရေးမေးမြန်းလိုက်ပါသည်ရှင့်။ သမီး ဓာတ်ပုံနှင့်တကွ ပေးပို့လိုက်သော ဆေး၏ ကောင်းကျိုး ဆိုးကျိုးကို ကျေးဇူးပြုပြီး ပြောပြပေးပါရှင့်။ သမီးသူငယ်ချင်းတစ်ယောက်ကပြောပါတယ်ရှင့်။ လစဉ် ရာသီလာချိန်တွေ ကိုက်ခဲတာတွေသက်သာစေပြီး သားအိမ်ပြဿနာတွေအတွက် ဒီဆေးက ကောင်းတယ်ပြောလို့ သိချင်ပါသဖြင့် မေးမြန်းလိုက်ရခြင်းပါ ဒေါက်တာရှင့်။

• ဖြစ်တဲ့သူ အသက် မသိရပါ။
• မိန်းကလေးဖြစ်လို့ ရာသီ မသိရပါ။ အိမ်ထောင်ရေး (ဆောရီး) မသိရပါ။
• ဘာတွေခံစားနေရသလည်း မသိပါ။ ဘယ်လောက်ကြာပြီလည်း မသိပါ။
• ဆရာဝန်ကိုမေးချင်ရင် ကိုယ်ဖြစ်နေတာတွေကို စီကာစဉ်ကာမေးရတယ်။
• ကြော်ငြာဆေးကို စိတ်ဝင်စားရင် ဆရာဝန်ကို မမေးသင့်ပါ။
• ပုံ (၁) က ကြော်ငြာဖြစ်တယ်။ ကျန်တာတွေက ကျန်းမာရေး ပညာပေးလား မသိပါ။
• ရာသီအတွက်ဆေးဆိုတာ အမျိုးမျိုးရှိတယ်။ အပျိုဘော်ဝင်စ၊ အပျိုကြီး၊ အိမ်ထောင်သည်၊ ကိုယ်ဝန်၊ သွေးဆုံး။
• ရာသီလာစဉ်ကိုက်ခဲတာအတွက် စောရေးပြီး ဘလော့ခ်မှာရော ဖေ့စ်ဘွတ်မှာပါတင်ထားတယ်။ သိလိုသူကမေးရင် တိုက်ရိုက်ပို့ပေး ဖြေပေးတယ်။
• သားအိမ်မှာဖြစ်စေနိုင်တာတွေကလည်း အများကြီးရှိတယ်။
• ဆေးတမယ်တည်းနဲ့ အစုံမပျောက်စေပါ။
• ပုံလှလှလေးတွေနဲ့ ဗိုလ်စာ၊ တရုပ်စာနဲ့ ကြော်ငြာဆေးများ သတိထားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၉-၅-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး