It’s just Politics ကနေ့နိုင်ငံရေး

ကြံ့ခိုင်ရေးပါတီညီလာခံသတင်း = ကြံ့ခိုင်ရေးပါတီကို စစ်တပ်ကဖွဲ့ပေးထားတာဖြစ်တယ်။ ၁၉၉၃ စက်တင်္ဘာ (၁၅) ရက်နေ့ကစဖွဲ့တယ်။ တပ်မတော်ရဲ့ကျေးဇူးတရားကို အသိအမှတ်ပြုတယ်။ စစ်တပ်ကနေ ပါတီဖက်ကိုပြောင်းလာမယ့် သူတွေကို ကြိုဆိုတယ်။ ပါတီဝင်ဦးရေ ၅ သန်း ၂ သိန်းလောက်ရှိ။ မြန်မာနိုင်ငံလူဦးရေထဲက (၁ဝ) ယောက်မှာ (၁) ယောက်က ကြံ့ခိုင်ရေးပါတီဝင် ဖြစ်တယ်။

သုံးသပ်ချက်
• NLD ကို ဒေါင့်အစုံကနေ ဝေဖန်ရေးတွေ လှိုင်ပေါလည်နေတာ တွေ့ရတယ်။
• ဝေဖန်ချက်တွေက ကြိုဆိုအပ်တာ နည်းနည်းနဲ့ မလိုတမာတွေကများတယ်။
• ကြံ့ခိုင်ရေးအလိုတော်ရိတွေသာမက ကြံခိုင်ရေးမဟုတ်သူတွေလည်းပါတယ်။ ငါကလွဲရင် ဘယ်သူမှမကောင်းဘူး သမားတွေလည်း ပါတယ်။
• ဝေဖန်ရေးသမားတွေကနေ ကြံ့ခိုင်ရေးကို သွယ်ဝှိုက်အားပေးရာကျတယ်။ ဝေဖန်သူတွေအတွက်အကျိုးရစေမှာတော့ တခုမှမမြင်ရပါ။
• NLD ကိုထိုးနှက်မှုကတော့ အတိုင်းအတာတခုထိ တာသွားလိမ့်မယ်။ ကြံ့ခိုင်ရေး စားသွားမယ့်လမ်းကို ဦးတည်နေတယ်။ နည်းနည်းတော့ စောသေးတာပေါ့။
• NLD တွေ ကိုယ့်အားကိုယ်ကိုးကြပါ။ အများပြည်သူကို အားကိုးကြပါ။ အစွမ်းအစပြကြပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး