Scientists study Sacramento woman who can spontaneously cure HIV

အမေရိကန်ပြည်ထောင်စု (ကယ်လီဖိုးနီးယား) မှာရှိတဲ့ (ဆာခရာမန်တို) မြို့က အမျိုးသမီးတယောက်ကနေ HIV ကို အလိုအလျှောက် ပျောက်စေနိုင်တယ်လို့ပြောတာကို ဆရာဝန်တွေက စမ်းသပ်နေကြတယ်လို့ ၈-၅-၂ဝ၁၅ နေ့ထုတ် (ဒေလီမေးလ်) မှာရေးသားထားပါတယ်။ အမျိုးသမီးကတော့ အဲဒီသော့ချက်ကိုသူကကိုင်ထားတယ်လို့ ဆိုပါတယ်။

Loreen (လောရင်း) ခေါ်တဲ့ အဲဒီအမျိုးသမီးဟာ ဆေးသုတေသန (၁၃) ခုမှာပါခဲ့ပြီးဖြစ်ပါတယ်။ HIV ကုသနိုင်တယ်ဆိုရင် ကျမဟာ ဘဝကောင်းတခုရခဲ့တာပါလို့ ဆိုနိုင်ပါတယ်လို့ပြောပါတယ်။ သူ့ဆရာဝန် Dr. Richard Pollard ဒေါက်တာ (ရစ်ချတ် ပိုးလတ်) သူတို့ကိုယ်ခန္ဓာတွေမှာ ဗိုင်းရပ်စ်ကို တုန့်ပြန်ဘို့ရာ ထိရောက်တဲ့နည်းလမ်းရှိနေကြတယ်။ ပိုးရှိနေတာတောင် အစမ်းရခက်တယ်လို့ပြောပါတယ်။

HIV နဲ့ပတ်သက်တဲ့အခြေခံအချက်အလက်တွေရှိတယ်။
(၁) HIV ပိုးကူးစက်ခံရပေမယ့် ၁% လောက်မှာသာ viral replication ခေါ်တဲ့ ဗိုင်းရပ်စ်မိတ္တူပွါးခြင်းဖြစ်လာနိုင်တယ်။
(၂) မီဒီယာအသုံးနဲ့ သူတို့ကို elite controllers ရေပေါ်ဆီတွေလို့ခေါ်ပါတယ်။
(၃) ပိုးဝင်ခံထားရသူရဲ့ ခုခံစွမ်းအား (ဆဲလ်) တွေထဲမှာရှိနေပေမယ့် သူတို့ရဲ့ genetic code မျိုးဗီဇ (ကုဒ်) အရ ငြိမ်နေတယ်။

ကမ္ဘာမှာ လူပေါင်း ၃၅ သန်းဟာ HIV ဒါမှမဟုတ် AIDS နဲ့နေထိုင်နေကြရတယ်။ တချို့က ART ဆေး သောက်နေကြရတယ်။ HIV မိတ္တူပွါးခြင်းဖြစ်ရင် CD4 immune cells တွေကိုထိုးဖေါက်ဝင်လာမယ်။ အဲဒီကနေ စက်ရုံလို ထုတ်ပေးနေတောမယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ပြင်သစ်ဆရာဝန်တွေက HIV ပိုးရှိသူယောက်ျား ၂ ယောက်ရဲ့ မျိုးဗီဇစနစ်ကို ဖေါ်ထုတ်နိုင်တယ်လို့ ကြေညာခဲ့ဘူးပါတယ်။ အလိုလိုပျောက်သူတွေလို့ခေါ်နိုင်ပါတယ်။ တယောက်က ၁၉၈၅ ကတည်းကပိုးရှိမှန်းသိထားတဲ့ အသက် ၅၇ နှစ်ရှိသူနဲ့ နောက်တယောက်က ၂ဝ၁၁ မှာသိလာတဲ့ အသက် ၂၃ နှစ်ရှိသူဖြစ်တယ်။ ခုထိ ဗိုင်းရပ်ရှိတာကို စမ်းမတွေ့သေးပါ။

ကျွန်တော်က အဲလိုကုသရခက်ခဲလွန်းတဲ့ရောဂါတွေ၊ အဖြစ်နည်းလွန်းတာတွေရှိသူတိုင်းကို ကံတရားအားကိုးပါလို့ အမြဲရေးလေ့ရှိပါတယ်။ ကံကောင်းအောင် စိတ်ကောင်းထားပါ။ ကောင်းတာကို ပြောပါ-ရေးပါ။ ကောင်းတာကိုလုပ်ပါ။ ကံတရားကို ဓါတ်ခွဲခန်းမှာ စမ်းမရပါ။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၅
Photo: Loreen Willenberg and Dr. Richard Pollard

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး