Loss in translation (2) ခက်ကုန်စေခဲ့ပါတယ်

ဆေးစာတွေ ဘာသာပြန်ရတော့ ငယ်ငယ်ကစွဲခဲ့တဲ့ ဘာသာပြန်စာအုပ်တွေကို အမှတ်ရပါတယ်။ ရှားလော့ခ်ဟုမ်းစ် ဝတ္ထုတွေကနေ ရွှေဥဒေါင်းရဲ့ စုံထောက်ကြီးဦးစံရှားသာမက ကာတွန်းအောင်ရှိန်ရဲ့ ဦးရှံစားလည်း ရေပန်းစားခဲ့တယ်။

စစ်တပ်ကနေ ပဌမဆုံးအာဏာသိမ်းပြီးကတည်းက အင်္ဂလိပ်စာကို အားမပေးတော့ပါ။ သိပ္ပံဘာသာတွေကို မြန်မာလိုသာ သင်စေဆိုတဲ့ အထက်အမိန့်လာတယ်။ မတော်တဲ့သူတွေ ပိုညံ့စေတဲ့ပေါ်လစီသာဖြစ်တယ်။

ဘာသာပြန်စာရေးဆရာတွေတော့ မျိုးဆက်မပြတ်ပါ။ ဘာသာပြန်တာတွေမှာ မြန်မာမှုပြုကြတာ သတိထားမိတယ်။ ဟိုးမားရဲ့ မဟာကဗျာကြီးတွေထဲကဇာတ်လမ်းတွေလည်း ဘာသာပြန်ကြတယ်။ အိန္ဒိယက မဟာဘာရတဆိုတဲ့ ရှေးအကျဆုံး သက္ကတ ရှေးဟောင်းဘာသာစကားနဲ့ ရေးထားခဲ့တဲ့ ကဗျာမော်ကွန်းရှည်ကြီးကို ရာမယဏဆိုပြီး မြန်မာမှုပြုတယ်။ စာလုံးအထပ်တွေ ပါဠိတွေနဲ့ရေးတော့ ခန့်သလိုလို၊ နန်းဆန်သလိုလို ထင်ကြရတယ်။ ဒါပေမယ့် နန်းတွင်းရာမဇာတ်တော်ကြီးလို့ ထင်မှတ်လာခဲ့ကြတယ်။

သူများဟာကို ကိုယ်ပိုင်ထင်တာမျိုး တခြားမှာ သွားပြောမိရင် ရှက်စရာကြီး။ တိုင်းပြည်၊ နေရာ၊ လူနာမည်တွေကို အသံထွက်မူရင်းအတိုင်းဖြစ်နိုင်လေ ကောင်းလေ ထင်ပါတယ်။ သူများနိုင်ငံက ဂန္ထဝင်စာတွေ၊ ဇာတ်တော်တွေ၊ နန်းတွင်းရာဇဝင်နဲ့ သမိုင်းဝတ္ထုတွေကို မြန်မာမှုပြုပြီး ဘာသာပြန်တော့ စာဖတ်သူတွေက ကိုယ့်ဆီမှာဖြစ်ခဲ့လို့ ထင်စေတယ်။ တဖက်ကကြည့်ရင် ဖတ်လို့ကောင်းသလို ဖြစ်ပေမယ့် သူများသွားပြောမိရင် ရှက်စရာကောင်းတယ်။ အီစွပ်ပုံပြင်တွေကို ကိုယ့်ဟာထင်နေကြတယ်။ ရာမယဏဆိုရင် မူရင်းနဲ့ အတော်ကွဲလွဲတယ်။

ပဌမအာဏာသိမ်းအစိုးရကနေ အင်္ဂလိပ်စာကိုညံ့စေခဲ့ပြီး၊ နောက်စစ်အစိုးရခေတ်က အဲဒါကို အမွေဆက်ခံရုံသာမက မြန်မာစာသတ်ပုံတွေကို ခက်ကုန်စေခဲ့ပါတယ်။

ပြင်ရကောင်းမှန်းသိတဲ့အစိုးရမျိုး တက်လာစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး