True Value ငွေတန်ဘိုး နှင့် စာတန်ဘိုး

ကျပ်ငွေတွေကို တန်ဘိုးမရှိအောင် သုံးကြိမ်တိတိလုပ်ခဲ့တယ်။

• ၁၅-၅-၁၉၆၄ မှာ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ်တရားမဝင်ကြေညာလိုက်ပါတယ်။
• ၃-၁၁-၁၉၈၅ နေ့မှာ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ဒုတိယအကြိမ်တရားမဝင်ကြေညာလိုက်တယ်။
• ၅-၉-၁၉၈၇ နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေကို တတိယအကြိမ်တရားမဝင်ကြေညာလိုက်ပါတယ်။

တရာတန် ငါးဆယ်တန် လုံးဝတန်ဘိုးမရှိတော့လို့ သတင်းစာကနေထုတ်ပြန်တယ်။ အဲဒီတုန်းကတော့ တရာကို မှန်အောင်ရေးသေးတယ်။ နောက်မကြာခင် မြန်မာစာထဲက တတွေ တန်ဘိုးမရှိတော့အောင် လုပ်လိုက်တယ်။ အခုထိ အာဏာတည်ဆဲ။

ကျွန်တော်ကတော့ တန်ဘိုးရှိတဲ့တတွေနဲ့သာ သူငယ်တန်းကတည်းကရေးပါတယ်။ တစ်ဆယ်၊ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းလို့ရေးတာတွေကို တန်ဘိုးရှိတယ်လို့ မထင်ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး