Colostrum နို့ဦးရည်ကြည်

ဆရာရှင့် အခု အနုပညာရှင်တွေတော်တော်များများက အမေနို့ကို အချိန်ပေးတိုတ်ကြတာတွေ့ရပါတယ် မိခင်နို့ထဲမှာ နို့မှုန့်ထဲမပါနိုင်တဲ့ ဘာတွေပါသေးလဲသိချင်ပါတယ်။ မွေးမွေးခြင်း နို့ရည်ကြည်က အန်တီဘော်ဒီလို့ သိရပါတယ်။ နောက်ပိုင်း နို့မှာကော နို့မှုန့်နဲ့မတူတာဘာပါသေးလဲ သိချင်လို့ပါရှင့်။

နို့ဦးရည်ကြည်ဆိုတာ ကလေးအတွက် အင်မတန်ကောင်းတယ်။ အဖြူရောင်နို့ရည်မဖြစ်သေးခင် ဝါကျင့်ကျင့်အရည် ဖြစ်တယ်။ နို့ရည်ထက် စေးပျစ်တယ်။ ပရိုတင်းဓါတ်တွေပါတယ်။ အဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေပါတယ်။ ဓါတ်ဆားတွေပါတယ်။ အရေးကြီးဆုံးက Immunoglobulins ခေါ် ရောဂါပြီးဓါတ်။ Antibodies အင်တီဘော်ဒီ ခေါ် ခုခံအားဓါတ်တွေပါတယ်။ မိခင်မှာရှိထားပြီး ခုခံအားကို ကလေးအတွက် အလိုလိုရစေတယ်။ Passive immunity ခေါ်တယ်။

မိခင်နို့ရည်ကို သုံးမျိုးပိုင်းခြားနိုင်တယ်။ ပဌမဆုံးထွက်တာကို Colostrum နို့ဦးရည်ကြည်၊ Transitional milk ကြားကာလနို့ရည်နဲ့ Mature milk ရင့်သန်ချိန်နို့ရည်။ Colostrum နို့ဦးရည်ကြည်က မွေးပြီးစ ၂ ရက်ကနေ ၄ ရက်အထိ ထွက်တယ်။ ကြားကာလနို့ရည်က ၂ ပတ်အထိကြာတယ်။ အဆီ၊ လက်တို့စ် ခေါ် သကြားနဲ့ ရေမှာပျော်ဝင်တဲ့ဗီတာမင်တွေ ပါတယ်။ နို့ဦးထက် ကယ်လိုရီပိုရစေတယ်။ ရင့်သန်ချိန်နို့ရည်ထဲမှာ ရေ ၉ဝ% ပါတယ်။ ကျန်တာက ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေဖြစ်တယ်။ ဗီတာမင်တွေလည်းပါတယ်။ နောက်ပိုင်းထွက်တဲ့နို့ရည်ထဲမှာ အဆီပိုပါလို့ ကလေး အလေးချိန်တိုးစေမယ်။

Colostrum နာမည်နဲ့ အားဆေးလုပ်ရောင်းနေတာတွေရှိတယ်။

ကလေးဟာ လူ့လောကထဲရောက်လာတာနဲ့ သူ့ကိုယ်ပိုင်မဟုတ်တာတွေနဲ့ ထိတွေ့ရတော့တယ်။ ပိုးမွှားတွေလည်းပါတယ်။ ဓါတ်ဆိုတာတွေလည်းပါတယ်။ အဲဒီအဆန်းတွေကို ခံနိုင်ရည်ရှိအောင် ကိုယ်ပိုင် ခုခံအားစနစ်ကနေ အင်တီဘော်ဒီတွေ ထုတ်ပေးမယ်။ ကာကွယ်ဆေးတွေဆိုတာ အဲလိုဖြစ်လာစေအောင် ထိုးပေး တိုက်ပေးရတာဖြစ်တယ်။ အင်တီဘော်ဒီတွေ လုံလောက်အောင်မရသေးမီ ကလေးက ခံနိုင်ရည် မရှိသေးပါ။ ကာကွယ်ဆေးကို သတ်မှတ်ချိန်မှာ သတ်မှတ်တဲ့ အရေအတွက် ဆေးအလေးချိန်အတိအကျ ထိုးဘို့ တိုက်ဘို့ လိုတယ်။

Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
Breast Milk မိခင်အစားအသောက်နဲ့ နို့ရည် https://doctortintswe.blogspot.com/2017/09/breast-milk.html
Breastfeeding linked to higher IQ မိခင်နို့တိုက်လျှင် ကလေးဥာဏ်ရည်မြင့် http://doctortintswe.blogspot.com/2015/03/breastfeeding-linked-to-higher-iq.html
Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html
Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
Formula Feedings နို့မှုံ့တိုက်နည်း https://doctortintswe.blogspot.com/2016/02/formula-feedings.html
Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
Lactose free milk လက်တို့စ်ဖရီး နို့မှုန့် https://doctortintswe.blogspot.com/2017/08/lactose-free-milk.html
Milk types နွားနို့အမျိုးအစားများ https://doctortintswe.blogspot.com/2014/10/milk-types.html
Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
Newborn baby ကလေးမွေးတော့မယ်ဆိုရင် http://doctortintswe.blogspot.com/2014/10/newborn-baby.html
Soy milk ပဲနို့ http://doctortintswe.blogspot.com/2016/09/soy-milk.html
Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html
Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ http://doctortintswe.blogspot.com/2015/03/weaning.html

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး