Pneumonitis နူမိုနိုက်တစ် အဆုတ်ရောင်ရောဂါ

ဆရာ သမီးအသက် ၃၃ပါ အိမ်ထောင်ရှိပါတယ်။ လေနဲတဲ့နေရာရောက်ရင် အသက်ရှူမဝလို့ပါ။ဖြစ်တာတော့ ၅နှစ်လောက်ရှိပါပြီ။အင်္ကျီကြပ်ကြပ်လဲဝတ်လို့မရပါဘူး။ အခုနောက်ပိုင်းနဲနဲဆိုးလာပါတယ်။ ဘာလီချိတ်ပါ ဖြုတ်ထားရတယ်။ ကား air con ကနေအောက်ဆင်းရင်လဲနှာခေါင်းပိတ်သွားပါတယ်။ ၁လပိုင်းကစပြီးပိုဆိုးလာတာပါ။ နှလုံး ECG အဖြေကောင်းပါတယ်။ ဖျားနေတုန်းဓာတ်မှန်ရိုက်တာ basal pneumonitis တွေ့ပါတယ်။

နည်းနည်းလို့ ရေးရတယ်။ စပီးနဲ့ ပါပီကို ပြင်လိုက်တယ်။ ပါပီဆိုတာ ခွေးကလေး။

Pneumonitis နူမိုနိုက်တစ်ဆိုတာ အဆုတ်တစ်ရှူးလေးတွေ ရောင်တာကိုခေါ်တယ်။

နေထိုင်လုပ်ကိုင်ရာ နေရာကြောင့်လည်း ဖြစ်တတ်တယ်။ တချို့ဆေးတွေကနေလည်း ဖြစ်စေနိုင်တယ်။ အက်စ်ပရင်ဆေးများခြင်း၊ တချို့ကင်ဆာဆေးတွေနဲ့ ဓါတ်ကင်တာ။ ဖန်းဂတ်စ် ခေါ် မိုလ်းဒ် ခေါ် မှိုကြောင့်လည်း ဖြစ်နိုင်တယ်။ ဗက်တီးရီးယားပိုးကနေလည်း ဖြစ်စေနိုင်တယ်။ လယ်ယာလုပ်ငန်းခွင်ကနေလည်း ဖြစ်နိုင်တယ်။ ငှက်တွေကနေလည်း ဖြစ်တတ်တယ်။

အသက်ရှူခက်မယ်။ ချောင်းဆိုးမယ်။ အားယုတ်နေမယ်။ စားချင်စိတ်နည်းမယ်။ ပိန်လာမယ်။

ဖြစ်စေတဲ့အကြောင်းခံကို ရှောင်ရမယ်။ ကြာလာရင် အဆုတ်ကိုပိုပြီးထိခိုက်နိုင်တယ်။

Corticosteroids ကော်တီကိုစတီရွိုက်ဆေးပေးရတယ်။ ဘေးထွက်ဆိုးကျိုး သတိထားရတယ်။ Oxygen therapy အောက်စီဂျင်ပေးရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး