တခေါက် ရောက်ခဲ့တယ်

မွေးချင်းခြောက်ယောက် တမိပေါက် တယောက်ထွန်းတဲ့ကျွန်တော် တရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို သူများ တိုင်းပြည်တွေမှာသာ နေရတာ ၂၈ နှစ်နီးပါးကြာသွားတယ်။

တနေ့တလံ ပုဂံဘယ်ရွေ့မလဲ။ မြန်မာပြည် အလည်ပြန်တာ တလ ကိုးသီတင်းကြာခဲ့တယ်။ တရားမပျက် ကျောင်းမခက်။ တည်းစရာခိုစရာ မရှားခဲ့ပါ။ တလုတ်စားဖူး သူ့ကျေးဇူး၊ ကျေးဇူးရှိသူတွေနဲ့ ပြန်တွေ့ရတယ်။ တယောက်စကား တယောက်နားနဲ့ သိသွားသူတွေနဲ့ပါ တွေ့ရ၊ တနွယ်ငင်တစင်ပါ အသိတွေတိုးရတယ်။ တလှေတည်းစီး တခရီးတည်း သွားခဲ့သူတွေနဲ့လည်း ပြန်ဆုံရတယ်။ တတ်သည့်ပညာ မနေသာ အင်တာဗျူးလည်း နည်းနည်းဖြေခဲ့ပါတယ်။

စာတလုံး ဘုရားတဆူ၊ နှုတ်တရာ စာတလုံးကို တစ်တွေနဲ့သာရေးနေကြတာတွေ့ရယ်။ တယောက်အားနဲ့ယူသော်မရ တသောင်းအားနဲ့ယူသော်ရတဲ့၊ ၉၉၉၉ ယောက်သာလိုတော့တယ်။

တ စကားပုံများသာဖြစ်ပါတယ်။ တစ် စကားပုံတွေ မသိပါ။

တရွာမပြောင်း သူကောင်းမဖြစ်

အလည်ပြန်တော့ တစ်ရွာလို့ရေးတာတွေ တွေ့ခဲ့ရတယ်။ No Smile!

တနေ့တလံ ပုဂံဘယ်ရွေ့မလဲ

တနေ့တလံ ပုဂံဘယ်ပြေးမလဲ

တစ်နေ့တစ်လံလို့ မရေးတဲ့အတွက် နောက်တခေါက် ပြန်ရောက်နိုင်ခဲ့ပါတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး