Shame ထူးမခြားနား

မြဝတီမြို့ကို မရောက်ဖူးသေးပါ။ လစဉ်ထုတ် တအုပ် ၂ ကျပ်တန် မဂ္ဂဇင်းတွေစပေါ်တော့ ရှုမဝနဲ့ မြဝတီနဲ့စပါတယ်။ စာပေအနုပညာအတွက် ရှုမဝကိုဖတ်ကြရပြီး ပေါ်လစီစာတွေကိုတော့ မြဝတီမှာဖတ်ရတယ်။

မြဝတီမင်းကြီးဦးစအကြောင်း ငယ်ငယ်ကတည်းက ဖတ်ခဲ့ရတယ်။ မြဝတီမင်းကြီးဦးစရေးတဲ့ သီချင်းကြီးတွေကိုလည်း ငယ်ကတည်းကနားထောင်ရတယ်။ ထူးမခြားနားရောင်ခြည်တော်ဘွဲ့က အတော်ကို နားထောင်လို့ ကောင်းတယ်။ ဘကြီးတော်ဘုရားလက်ထက်မှာ ရေးသားဆက်သွင်းခဲ့တာလို့သိရတယ်။

အခုလက်ထက်မှာတခါ မြဝတီနဲ့ ထူးမခြားနား ခေတ်စားနေပြန်သတဲ့။

ထူးမခြားနား မာမာအေး https://www.youtube.com/watch?v=m0u-cYU6om0
ထူးမခြားနား ရီရီသန့်၊ https://www.youtube.com/watch?v=xd3Eddg8MwA

မာမာအေးဆိုတဲ့ သီချင်းတပုဒ်လည်းရှိတယ်။ ကြောင်ကို ဝမ်းနှုတ်ဆေး ကျွေးသလို့ တဲ့။ (ကန်တော့ပါ)

Same နဲ့ Shame က ခပ်ဆင်ဆင်။

ဒေါက်တာတင့်ဆွေ
၁၉-၉-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး