ကျောက်ပျဉ်

ကျောက်ပျဉ်များသည် အရွယ်အစားစားရှိစေကာမူ ပုံသဏ္ဌာန်မှာ တမျိုးတည်းဖြစ်၏။

ကျောက်ပျဉ်ဖြင့် သနပ်ခါးအမွှေးနံ့သာသွေး၍ လိမ်းကျံသော အလေ့မှာ မြန်မာနိုင်ငံ၏ ရှေးကျသော ယဉ်ကျေးမှုတရပ် ဖြစ်ခဲ့၏။ သက္ကရာဇ် ၈၅၅ ခုနှစ်တွင်ရေးသည့် ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့၌ -

ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဥာဏ်လက်ကိုထေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတသုန်၊ လိမ်းလင့်ကုန် စသည်ဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရ၏။

(၁၂-၇-၁၉၇၅ နေ့ထုတ် ရွှေသွေးဂျာနယ်မှ)

ပုံသဏ္ဌာန်မှာ တစ်မျိုးတည်းဖြစ်၏ မဟုတ်ပါ။ နံ့မွှေးတစ်သုန်၊ လိမ်းလင့်ကုန် မဟုတ်ပါ။

ကျောက်ပျဉ်ကို ရေပတ်လည်ဆောင် အလယ်ခေါင် သောင်ထွန်း မိန်းမလှကျွန်းလို့ စကားထာဝှက်ကြတယ်။ ပဉ္စမတန်း မြန်မာဖတ်စာထဲမှာ ရေလယ်ကောင် သောင်ထွန်း။ နတ်သမီးနေတဲ့ကျွန်းလို့ ရိုက်နှိပ်ထားပါတယ်။ နတ်သမီးနဲ့ မိန်းမလှကတော့ အကြောင်းမဟုတ်ပါ။ ရေလယ်ခေါင်နဲ့ ရေလယ်ကောင် သတ်ပုံမတူပါ။

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၈


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး