တပြည်သူ မရွှေထား

ပို့စ်တခုမှာ သပြေသူလို့ မှားနေတာ တွေ့တယ်။ ဝတ္ထုအမည်ကတော့ တပြည်သူ မရွှေထား။ ရုပ်ရှင်အမည် သီချင်းအမည်တွေလည်း မမှားပါ။ အဲလိုပဲ အရင်ကထုတ်ထားတဲ့စာအုပ်တွေကို ရေးတင်သူတွေက စာအုပ်အမည်ကို တစ်သတ်ပုံအမှားတွေနဲ့ ရေးကြတယ်။

တက္ကသိုလ်ဘုန်းနိုင်ရေးသားတဲ့စာအုပ်တွေဟာ ကျွန်တော်တို့ အထက်တန်းနဲ့ ဆေးကျောင်းသားခေတ်မှာသာမက ကနေ့အထိတိုင် ထင်ရှားပြီး စာဖတ်သူတွေကို အလွန်စွဲလမ်းစေပါတယ်။ စာအုပ်တွေကို ပြန်ထုတ်ကြတယ်။ သတ်ပုံတွေကို ပြင်ထားကြတယ်။ စာအုပ်အဖုံးမှာ တစ်မဟုတ်ဘဲ ကြော်ငြာသူတွေက တစ်လုပ်ထားကြတယ်။ တပြည်သူ မရွှေထားကို တစ်ပြည်သူမရွှေထားလုပ်ထားကြတယ်။

ကျွန်တော့်ဆီမှာ မူရင်းစာအုပ်တချို့ရှိပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးခဲ့တဲ့ သတ်ပုံနမူနာနည်းနည်းလောက်ကို တင်ပြပါတယ်။

ဟိုတခါတုန်းကကဲ့သို့ပင် https://doctortintswe.blogspot.com/2018/02/blog-post_76.html

ဟိုတခါတုန်းကကဲ့သို့ပင် ငွေလရောင်မှ ရွက်ကြွေတောများကို ညိုလတ်မြင်သည်။ ဟိုတခါတုန်းကကဲ့သို့ပင် ညိုလတ်သည် ညင်သာစွာ စတင်သီဆိုသည်။

ငွေလာသာသော နွေညပြာပြာဆီ၊ မြူလွှာမှုန်ရီ၊ သရဖီသင်း နှင်းကလဲ့စီ၊ ဝါရွက်တို့ ကြွေပြလေပြီ၊ သည်းသည်းရုတ်ရုတ်၊ တဖြုတ်ဖြုတ်တချီ၊ နွဲ့ယဲ့ယဲ့ ဝဲကာတလီ့

စွန့်ခွာရသည့် နွေညများ https://doctortintswe.blogspot.com/2018/02/blog-post_96.html

အထက်တန်းတွဲ့၏ က ခုံတန်းစဉ်ဘက် တနေရာရသည်မှာ ကံကောင်းသည်။ သည်ခုံတန်းစဉ်မှာက ယှဉ်ဘက်မရှိ။ တခုံတည်းတွင် တဦးတည်း သီးသီးသန့်သန့် ထိုင်ရသည်။

ကမ္ဘာကုန်ကျယ်သရွေ့ဝယ် (၂) https://doctortintswe.blogspot.com/2018/02/blog-post_88.html

နှင်းမြူရိပ်ကို မြင်လျှင်၊ အမှတ်မထင် ဝေဝေဝါး၊့၊ ဘဝပမာလေလာ့း့၊ တင်စားမိသည်၊ ဆီးတားကာဝှက်၊ လ-ရက်-နာရီ၊ အချိန်မင်ရည့့်၊ အုံ့ကာဆိုင်းလို့ မပီ့၊ တပိုင်းပြယ်လွင့်၊ နွေအဖွင့်သို့ လေသင့်ရာလျော့ မြော့ ရွှေရင့်လွှာသိင်္ဂီ့

တစ်ဂိုဏ်းဝင်များ အမှားပြင်နိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments