Louisville လူးဝစ်ဗေးလ်

ဘုန်ကြီးကျောင်းမှာ ဘုန်းဘုန်းနှစ်ပါးနဲ့ ဘာသာရေးနဲ့ တိုင်းပြည်အရေး မေးကြ ပြောကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၈

ဓါတ်ကြီး လေးပါး

ကွန်မင့်တခု ဖတ်ရတယ်။ ဒီဆရာတွေကြောင့် သမိုင်းသိခဲ့ရပါတယ်ဆရာ လေးစားလျက်ပါရှင့်

အင်ဒီယာနာပုလစ်မြို့ကနေ လူးဝစ်ဗးလ်မြို့ကိုလာကြတော့ ဆရာအော်ပီကျယ်ကပြောတယ်။ သူ (မင်းကိုနိုင်) မှာ သမိုင်းရှိတယ်။ ကျွန်တော်က ပထဝီတဲ့။

လာကြိုသူတယောက်က ကိုတေဇာ။ ကားမောင်းတဲ့သူ အစော (ကရင်) နဲ့ ဧည့်မြှောင်ကျွန်တော်တို့က အာဘောနဲ့ ဝါယောတွေဖြစ်ရော။

ရေကန်အသင့် ကြာအသင့်

ဘယ်မှ မသွားခင် ကြိုတင် ကြော်ငြာထားရတယ်။ မြန်မာပြည်ပြန်တော့ ကျွန်တော်ရေးထားတဲ့ မြန်မာ့အစားအစာ မီနူးတွေအကုန် ထမင်းဝိုင်းတွေမှာ တွေ့ရတယ်။

အခုည လူးဝစ်ဗေးလ်မှာ အိပ်တယ်။ ဝိုင်ဖိုင်ထည့်ပြီးပြီ။ အိပ်ခန်းထဲကို ရေနွေးအိုးရောက်လာတယ်။ ဗမာထန်းလျက်နဲ့ ထိုင်းထန်းလျက်လည်း ပါတယ်။

ကေအက်ဖ်စီ သမိုင်း

ကိုမင်းကိုနိုင်တို့အဖွဲ့ လင်ကွန်းရဲ့ သစ်လုံးအိမ်လေးဆီသွားကြတယ်။ ကျွန်တော်က တခေါက်ရောက်ဖူးလို့ တခြားနေရာတွေသွားတယ်။ ကေအက်ဖ်စီတင်တီထွင်သူပြတိုက်ရောက်တယ်။

အရင်တခေါက်ရောက်စဉ်က အိမ်ရှင်တွေမပါဘဲ ကေအက်ဖ်စီဆိုင်တခုဝင်စားတာ မကောင်းလှပါ။

အလီမြို့

မိုဟာမက်အာလီက အိပ်မက်+ သန္နိဋ္ဌာန် + အမြော်အမြင်ကြောင့် အောင်မြင်မှုရတယ်တဲ့

လူးဝစ်ဗေးလ် ဆူဗီနဲလ် လက်ဆောင်

ဈေးရောင်သူက လက်ဆောင်ဝယ်ပေးသူကို ယူအာဖါးသားလား မေးတယ်။

လက်ဆောင်ရသူက ဖေ့စ်ဘွတ် ဖရင်းပါလို့ဖြေလိုက်တယ်။

အမှတ်တရ လက်ဆောင် ဦးထုပ်ရတယ်။ ကျေးဇူး ကိုစော + နော်သူသူထွန်း

နေ့လယ်စာ

ဗမာလုပ်တဲ့ ဂျပန်စာ အမေရိကမှာ စားရတယ်။ ကျေးဇူး။

အင်ဒီယာနာနဲ့ ကင်တပ်ကီကြားက အိုဟိုအိုမြစ်

အာသီးရောင်ခွဲစိတ်ပြီး စထရွက် ပိုးဝင်လို့ဆုံးသွားရတဲ့ ကေအက်ဖ်စီ ခေါ် ကြက်ကြော်ကို စတင်ခဲ့သူရဲ့ မိသားစုဝင်တယောက်

Strep throat စာတပုဒ် ရေးထားပါတယ်။ အဲဒီအချိန်က ပနယ်စလင် မပေါ်သေးပါ။

ရေကန်အသင့် ကြာအသင့်

ဘယ်မှ မသွားခင် ကြိုတင် ကြော်ငြာထားရတယ်။ မြန်မာပြည်ပြန်တော့ ကျွန်တော်ရေးထားတဲ့ မြန်မာ့အစားအစာ မီနူးတွေအကုန် ထမင်းဝိုင်းတွေမှာ တွေ့ရတယ်။

အခုည လူးဝစ်ဗေးလ်မှာ အိပ်တယ်။ ဝိုင်ဖိုင်ထည့်ပြီးပြီ။ အိပ်ခန်းထဲကို ရေနွေးအိုးရောက်လာတယ်။ ဗမာထန်းလျက်နဲ့ ထိုင်းထန်းလျက်လည်း ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂၀၁၈

Comments