ECG အီးစီဂျီ
မင်္ဂလာပါ ဆရာ အသက် ၂၂ နှစ် ကျား အသက်ရှူမ၀ ဖြစ်နေလို့ပါ တစ်ကြိမ်ဖြစ်လျှင် ၁နာရီ မှ ၂ နာရီ အသက်ရှူမ၀ဘဲ မောနေပါသည် ကိုယ်အလေးချိန်၁၇၀ပေါင်ရှိပါသည် မည်သည့်ရောဂါ လက္ခဏာလဲ သိချင်ပါတယ်ခင်ဗျာ။ လွန်ခဲ့သော နှစ်လခန့်မှ စပြီး ဖြစ်ပါသည်
စမ်းသပ် စစ်ဆေးမှသာ သိလာနိုင်။ ဆရာက မေးခွန်းကိုသာသိ။
အပြင်ဆေးခန်းမှာပဲ သာမန် ECG ဆွဲလျှင် အဖြေ တိကျစွာ ရရှိနိုင်ပါသလားခင်ဗျ
ECG ကို Electrocardiogram (ECG or EKG) လို့လည်းခေါ်တယ်။ နှလုံးထဲက လျှပ်စီးလမ်းကို စမ်းတာဖြစ်တယ်။ အတက်နဲ့ အကျတွေရှိနေတယ်။ ပုံမှန် နှလုံးဟာ စည်းချက်လို ညီညာတယ်။ နှေးတာနဲ့ မြန်တာရှိတယ်။
Arrhythmias ခေါ် နှလုံးခုန် မူမမှန်တာကို သိရမယ်။ Coronary arteries ခေါ်နှလုံးသွား သွေးလွှတ်ကြောတနေရာမှာ ပိတ်နေတာရှိရင် သိမယ်။ Heart disease နှလုံးရောဂါ တချို့ကိုသိနိုင်တယ်။ Heart attack နှလုံးအတက်ရတာသိမယ်။ Enlarged heart နှလုံးအရွယ်အစား ကြီးနေတာသိမယ်။
ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၈

Comments
Post a Comment