နယုန်လဘွဲ့ လေးချိုး

၁။ မြတ်လေးဖြူ စပယ်သင်းပြန်တော့၊ နတ်သွေးတူ ရွယ်ယမင်းတွေက၊ သွယ်သွယ်ညှင်း ကုံးကာဆင်။

၂။ စာပြန်ပွဲကိုလ၊ ဟန်နွှဲကာ တူနှစ်ဖော်နှင့်၊ အလှူတော်ကောင်းမှုပွားအောင်ကွယ်၊ သွားကြပျော်ရွှင်။

၃။ နွေနယုန် မေထုန်လဟာမို့၊ မြေဝသုန် လေဟုန်ခပြန်တော့၊ ရွှေမှုန်ထပါလို့ ညိုလွင်လွင်၊ ဟိုတခွင်မှာဖြင့် အုံ့ကာမှိုင်း။

၎။ စည်ပုဇွန် ရိုက်ချုန်းရောင်ခြည်ဝှန်၍၊ တသုန်သုန် ဟန်ကုန်နွှဲပါလို့၊ အမ္ဗုန် မာန်ဟုန်နှင့်သဲလှတယ်ကွယ် ရွှဲကြလူတိုင်း။

မှတ်ချက် = ဟိုတစ်ခွင်မှာဖြင့် မဟုတ်။ တစ်သုန်သုန် မဟုတ်။ တစ်ပေါင်းလဘွဲ့ဆိုပြီး မရေးကြကောင်းပါရဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်