Cholecystitis သည်းခြေအိတ်ရောင်ခြင်း

ဒေါက်တာရှင့်သည်းခြေအိတ်ယောင်နေပါသဖြင့်ဘယ်လိုနေထိုင်နေထိုင်စားသောက်ရမလဲရှင့်ကျေးဇူးပြုပြီးဖြေပေးပါရှင်

ဖြစ်တဲ့သူ ကျား-မ မသိ။ အသက် မသိ။ ရောင်လို့ ရေးရတယ်။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

1. Cholecystectomy Q and A သည်းခြေအိတ် ထုတ်ထားသူ http://doctortintswe.blogspot.com/2015/01/cholecystectomy-q-and.html
2. Cholecystitis သည်းခြေအိတ်ရောင်ခြင်း http://doctortintswe.blogspot.com/2015/01/cholecystitis.html
3. Gallbladder cancer သည်းခြေအိတ်ကင်ဆာ http://doctortintswe.blogspot.com/2015/06/gallbladder-cancer.html
4. Gallstones သည်းခြေကျောက် http://doctortintswe.blogspot.com/2015/01/gallstones.html

မ ပါရှင့်။ ၂၆နှစ်ပါ။ အမှားပါလို့ တောင်းပန်ပါတယ်ရှင့်

အရင်ကလည်းမေးတယ်။ ရောဂါဆိုတာ ဆုံပြီးဖြစ်တတ်လို့ သတိထားကြစေချင်တယ်။

ဆရာရှင့် သည်းခြေအိတ်ရောင်ရင် ဘယ်လို sign တွေပြပြီး ဘာတွေ သတိထားသင့်ပါသလဲရှင့်။

သည်းခြေအိတ်ရောင်ခြင်းဟာ သည်းခြေကျောက်ရှိနေရင်၊ ခေါ်အသားပိုဖြစ်နေရင်၊ သည်းခြေရည်လမ်းပိတ်နေရင် ဖြစ်နိုင်တယ်။ သည်းခြေအိတ်ထဲမှာ ပိုးဝင်ခြင်း၊ ဖြစ်တဲ့ တစ်ရှူးခေါ် အပိုင်းအစနေရာသုံးမရဖြစ်ခြင်းနဲ့ အဲဒီနေရာစုတ်ပြဲခြင်းတွေ ဆက်ဖြစ်လာနိုင်တယ်။

Acute Cholecystitis ရုတ်တရက် ရက်တိုရောင်ခြင်း လက္ခဏာများ
• ရုတ်တရက် ဗိုက် ညာဖက် အပေါ်ပိုင်းနေရာ အလွန်နာခြင်း၊
• အဆီများတဲ့အစားအသောက်စားအပြီမှာ ဖြစ်တတ်တယ်။
• အစာစာပြီးတိုင်း ပြန်နာခြင်း၊
• နာတာက ညာဖက်ပခုံးဆီအထိဆက်နာခြင်း၊
• ဗိုက်မှာနာတဲ့နေရာကိုထိရင် ဖိရင် ပိုနာခြင်း၊ အသက်ပြင်းပြင်းရှူရင် ပိုနာမယ်။
• ပျို့ခြင်း၊
• အန်ခြင်း၊
• ကိုယ်ပူခြင်း၊ ချမ်းနိုင်တယ်။
• ဂျွန်းဒစ် ခေါ် အသားဝါခြင်း၊
• ဗိုက်ကယ်နေမယ်။

Abdominal ultrasound ဗိုက်ကို အာလ်ထွာဆောင်းရိုက်မယ်။

Computed tomography scan (CT scan) စကန်လုပ်မယ်။

Hepatobiliary scintigraphy လုပ်လို့ရတဲ့နေရာ စစ်ဆေးမယ်။

Cholangiography ဆေးထိုးပြီး စစ်ဆေးမယ်။

ရုတ်ရက်ရောင်ရင် ဆေးရုံတင်ကုသရတယ်။ တချို့ Cholecystectomy ခွဲစိတ်ရတယ်။ အစားအသောက်ရှောင်ခိုင်းမယ်။ ပါးစပ်ကနေမစားမသောက်ရလို့ ဆေးသွင်းပေးမယ်။ ပိုးသေဆေးတွေပေးမယ်။ အနာသက်သာဆေးတွေပေးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး