Encouragement makes a fault easy to correct ပြုပြင်ရလွယ်သူ

တမြန်နှစ် ဒီလိုနေ့က သတ်ပုံပို့စ်အောက်မှာ တစ်မရေးသင့်တာကို ပြင်ပေးတော့၊ ဟုတ်ဆရာ ပြင်ရေးတော့မယ်တဲ့။ ပြုပြင်ရလွယ်ကူသူဆိုတာ များများမရှိဘူးလို့ ရေးလိုက်ပါတယ်။

နောက်တယောက်က အစားအသောက်ပို့စ်အောက်မှာ စာတောင်လာပြီလို့ရေးတယ်။ ဆာလို့ရေးရမယ်၊ စာဆိုရင် စာကလေး ဖြစ်သွားမယ်လို့ရေးတော့ သူကလည်း ဟုတ်ဆရာလို့ ရေးပါတယ်။ အဲသည်အတိုင်းပဲ ပြန်ရေးပါတယ်။

လူမှုရေးမှာ ပြုပြင်ရလွယ်သူနဲ့ တရားသဘောမှာ ဆုံးမရလွယ်သူလို့ရှိတယ်။ တော်တော်တန်တန် အခံပါရမီမရှိရင် ပြင်ဘို့ မလွယ်၊ ဆုံးမရခက်တယ်။ ကိုယ့်သားသမီးတွေပဲကြည့်ပါ။ ကိုယ့်ကျောင်းသူကျောင်းသားတွေပဲကြည့်ပါ။ တချို့သာ သင်ပေးတာ ရသွားကြတယ်။

မိတ္တဗလဋီကာစာအုပ်ကိုရေးသားခဲ့သူ ဒေးလ်ကာနယ်ဂျီက ရေးတာတခုရှိတယ်။ အားပေးခြင်းဟာ အမှားပြင်စေဖို့ရာ လွယ်ကူစေပြီး ရင်ဆိုင်စရာကိုပါ လက်ခံရဲစေတယ်တဲ့။

ဆုံးမရလွယ်သူတွေ ဖြစ်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး