Patient and Family လူနာရှင်ဆိုတာ

ဆရာ မင်္ဂလာပါ လူနာရှင်က ကျား အသက်၃၁နှစ် အိမ်ထောင်သက် ၂နှစ်ပါ့

လူနာရှင်ဆိုတာ လူနာကို ဆရာဝန်ဆီခေါ်လာတဲ့သူဖြစ်တယ်။ ကျွန်တော်က လူနာ့အကြောင်းသာ သိလိုတယ်။

မေးခွန်းတွေမှာ အမည်တွေကို မသိလိုပါ။ လူနာအမည်ရော ဆရာဝန်တွေအမည်တွေကိုပါ မသိလိုပါ။

ဖြစ်တဲ့သူ အသက်-ကျား-မ-အချက်လက်တွေသာ သိလိုတယ်။ မေးတဲ့သူ အသက်-ကျား-မ မသိလိုပါ။

မြန်မာပြည်မှာ လူနာစောင့်ကို Attendant လို့ခေါ်လေ့ရှိတယ်။ တကယ်တော့ အဲလိုခေါ်တာ မမှန်ပါ။ လူနာကို ပြုစုစောင့်ရှောက်သူကိုသာ အဲလိုခေါ်တယ်။ အတိအကျဆိုရင် Patient care attendants လို့ခေါ်တယ်။ အဲတာမှာလည်း အမျိုးမျိုးရှိတယ်။ သူနပြုအကူအညီလုပ်ပေးရသူ၊ အိမ်တိုင်ယာရောက်သူနာပြုလိုလုပ်ပေးရသူ၊ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးရသူ၊ ဆေးရုံလူနာစောင့်ပေးရသူ စသဖြင့်။

လူနာရှင်ကို လူနာမိသားစုဝင်လို့သာသုံးစွဲပါတယ်။ လူနာကို ဆေးရုံလာအပ်တဲ့ အမျိုးမတော်သူလည်း ဖြစ်နိုင်တယ်။ ပြောဆိုစရာ တာဝန်ယူစရာ လက်မှတ်ထိုးစရာလိုရင်တော့ ဥပဒေအရအကြုံးဝင်သူကသာ လုပ်ကိုင်ခွင့်ရှိတယ်။

ကျွန်တော် မကြာမကြာရေးပါတယ်။ မလိုတဲ့အပိုတွေပြောတဲ့သူမျိုးဟာ တကယ်လိုတာကိုတော့ မေ့နေတတ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး