Tea shop လက်ဖက်ရည်ဆိုင် အဝေးကနေအတူထိုင်

သူငယ်ချင့်း့ ဒီနေ့ ဌေးသိန်း၊ သောင်းတင့်၊ သန်းညွှန့်အောင်နဲ့ ဆရာကြင်ရော လ္ဘက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတင်တဲ့ post တွေ စပ်မိစပ်ရာပြောဖြစ်တယ်။ ကျမ္မာပါ စေနော။

မုံရွာနေ အထက သူငယ်ချင်းဆီကပါ။ ဆယ်တန်းကျောင်းသားပြန်ဖြစ်ရော။ အထကမှာနေတုံးက လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်သလောက်ပါ။ ဆေးမန်းမှာတော့ တနေ့အနည်းဆုံးနှစ်ခေါက်၊ မင်္ဂလာလမ်းက အေးစန်းမှာထိုင်ဖြစ်ကြတယ်။ အိန္ဒိယရောက်တော့ လက်ဖက်ရည်ဆိုင်လိုက်ရှာပါတယ်။ ရှားလိုက်တာ။ လမ်းဘေးမှာ ကျောက်တုံး ရှိရင်တော့ ထိုင်သောက်၊ မရှိရင်တော့မတ်တပ်ပေါ့။ ဝါရှင်တန်ဒီစီကိုအလည်ရောက်စဉ်က စတားဘခ်မှာ နေရာကျကျနနတော့ရှိပါရဲ့ ဈေးကကြီးလိုက်တာ။

မုံရွာကသူငယ်ချင်းတွေနဲ့ရော မန္တလေးဆေးကျောင်းကသူငယ်ချင်းတွေနဲ့ပါ လက်ဖက်ရည်ဆိုင်မှာထိုင်ချင်သေးတယ်။ ခုအရွယ်တွေနဲ့ ခုအခြေအနေမှာ ဘာတွေပြောဖြစ်ကြမလည်း။ မုံရွာသူငယ်ချင်းတွေက ကျွန်တော်တင်တဲ့ ပို့စ်လေးတွေကို ထည့်ပြောကြသတဲ့။ လူတိုင်းမှာ ဝါသနာအထုံ တယောက်တမျိုးစီ။ သင်ယူတတ်မြောက်တဲ့ပညာကလည်း မတူကြပါ။ အသက်ရတဲ့အခါ အသက်မွေးမှုတွေ ကွဲပြားကြတယ်။

ပြောင်းမသွားပဲ တူတယ်ဆိုတာလည်းရှိတယ်။ သူငယ်ချင်းဖြစ်မှုနဲ့ နောက်တခု။ ကျွန်တော့်ရေးရေးနေတဲ့ ပို့စ်။ ကျွန်တော်တို့မှာတူကြတာက စိတ်ကောင်းမွေးကြတယ်။ အပြုသဘောတွေးကြတယ်။ ဆက်ဆံရေးနွေးထွေးကြတယ်။ မဲပေးမှာလည်း မေးနေစရာမလိုဘူးပေါ့။

မြန်မာပြည်ကနေပို့လိုက်တဲ့ လက်ဖက်ခြောက်ကောင်းကောင်းလေးနဲ့ ရေနွေးကြမ်းတခွက်သောက်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ