Hot air balloon catches fire မီးလောင်သွားတဲ့ သတ်ပုံ

ခုတလော သီတင်းကျွတ်လပြည့်လည်းဖြစ်လို့ မီးပုံးပျံသတင်းတွေ တွေ့ရတယ်။ ရွေးကောက်ပွဲက လွှမ်းမိုးထားလို့ မီးလောင်သွားတဲ့မီးပုံပျံသတင်းကို လူတွေကစိတ်ဝင်စားကြတယ်။

အခုရွေးကောက်ပွဲက ၂၅ နှစ်အတွင်းမှာ ပါတီစုံပါတဲ့ရွေးကောက်ပွဲဖြစ်တယ်။ မြန်မာနိုင်ငံမှာ ပဌမစခဲ့တဲ့ပုဂ္ဂိုလ်များ စာရင်းထဲမှာ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၊ ပထမဆုံးဝန်ကြီးချုပ် ဦးနုကနေစပြီး မီးပုံးပျံ ဦးကျော်ရင်နာမည်လည်းပါတယ်။

ကျွန်တော်တို့ ၅ တန်းတက်တော့ သင်ရတဲ့ မြန်မာဖတ်စာ အာဇာနည်စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ တို့နဲ့အတူ မီးပုးပျံ ဦးကျော်ရင်အကြောင်းလည်းပါတယ်။ စစ်အစိုးရတက်ကတည်းက အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်ကို ထုံးသုတ်လာခဲ့တယ်။

ရွေးကောက်ပွဲ မဲဆွယ်တဲ့ အာဏာယူပါတီကလူကြီးတယောက်နေ အာဇာနည်ဗိမာန်ဗုံးခွဲတာနဲ့ NLD ပါတီရဲ့ အနီရောင်ကို နှိုင်းပြောသေးတယ်။ နည် နဲ့ နီ မတူတာသိပုံမရပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅
Photo from Maung Tun Wai

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး