Singapore and Tokyo စင်္ကာပူဖြစ်သွားတဲ့ တောင်ကုတ် နဲ့ တိုကျိုဖြစ်သွားတဲ့ သံတွဲ
မနေ့ကနဲ့ ဒီကနေ့ ထူးခြားတဲ့ပို့စ်တွေကတော့ ဒေါ်စုရဲ့ ရခိုင်ခရီးစဉ်နဲ့ နိုင်ငံတကာရောက် ရွှေမြန်မာတွေ သံရုံးတွေမှာ မဲပေးနေကြတာဖြစ်ပါတယ်။ စင်္ကာပူမှာ ညအိပ်ညနေ တန်းစီစောင့်ပြီး မဲပေးဘို့ရာ အားခဲကြရသတဲ့။ တိုကျိုနေ မြန်မာတွေကိုလည်း အားရတယ်။
စင်္ကာပူလိုဖြစ်အောင်လုပ်နိုင်ပါတယ်လို့ လေလုံးထွားပြီး မဲတောင်းတဲ့အသံကြားဖူးတယ်။
အခုတော့ တောင်ကုတ်က စင်္ကာပူဖြစ်သွားပြီး၊ သံတွဲက တိုကျိုဖြစ်သွားပြီလို့ တင်စားပါရစေ။
ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၅
Photo: Maung Tun Wai and Ko Wai Yan (GWA)

Comments
Post a Comment