Selfish အမျိုးကိုချစ်တယ်ဆိုတာ
ပြည်ခိုင်ဖြိုးဝန်ကြီးတယောက်က သူကလည်းမွန်၊ သူယူထားတာလည်းမွန်၊ သားသမီးတွေလည်းမွန်လို့ မဲဆွယ်သတဲ့။
ကျွန်တော်က ဗမာ၊ အိန္ဒိယမှာ ၂၄ နှစ်သွားနေရတယ်။ အခုတခြားနိုင်ငံမှာနေရတယ်။
ဗမာဆိုတဲ့ကျွန်တော်ကနေ ချင်း၊ ကူကီး၊ ကချင်၊ နာဂ၊ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း စတဲ့လူမျိုးစုံ လူနာတွေကိုလည်း ကြည့်ပေးခဲ့ရတယ်။ လူမျိုးစုံ ကိုယ်ဝန်ဆောင်တွေကိုလည်း မြန်မာပြည်မှာမဟုတ်ပဲ နယူးဒေလီမှာ မွေးပေးခဲ့ရတယ်။
ကျွန်တော် အမျိုးမစစ်ဘူးလားဗျာ။ ကျွန်တော့်တိုင်းရင်းသားလူနာတွေ မြန်မာပြည်မှာ မနေနိုင်ကြတာ၊ သူတို့က အမျိုးမချစ်ဘူးလားဗျာ။
ဒေါက်တာတင့်ဆွေ
၁၉-၁ဝ-၂ဝ၁၅

Comments
Post a Comment