Vote for Reality အမှန်ကိုသိဘို့ မဲပေးစို့

ကျွန်တော့်ပို့စ်ခု = Vote for Prosperity ဆင်းရဲခြင်းလွတ်ကင်းရေး မဲပေးကြစို့
ကွန်မင့် (၁) = Aung Zaw Win ဆရာ တကယ်ဘဲလား။

ကျွန်တော့်ပို့စ်ခု = Vote for Health System ကျန်းမာရေးစနစ်ကောင်းဘို့ မဲပေးစို့
ကွန်မင့် (၂) = Aung Naing Soe အစောပိုင်း ဒေါက်တာတင့်ဆွေ wall ကိုလိုက်ကြည့်တော့ မတွေ့လို့ ဖွတယ်လို့ပဲ ထင်မိလိုက်တယ်။ ခုမှ ဒေါက်တာတင့်ဆွေကထပ်ပြီး တင်လိုက်မှ အမှန်တကယ် ဖြစ်နေတာပဲ စဉ်းစားကြည့်တယ်။

ကွန်မင့် (၃) = Koko Nanda မယုံသူများနေတယ်ဆရာ။ မြန်မာပြည်ရဲ့ ကျမ္မာရေးစနစ်ဆိုတာ ငွေသက်သက်ပဲ။ ငွေရှိသူ ပြည်ပထွက်ကုကြတယ်။ ဝန်မင်းတွေအားလုံး ပြည်တွင်းကိုမယုံဘူး။ ထင့်ကနဲဆို ပြည်ပမှာထွက်ကုတယ်။ သေတဲ့လူ များတယ်။ ဆရာ့စကားကို အမှန်တကယ်ယုံတယ်။

ကွန်မင့် (၄) = Emerald Ko Gyi - I will believe that it comes directly from WHO official web. Sorry to say Doc. Not wikipedia.

ကျွန်တော်ယူသုံးတဲ့ ကျန်းမာရေးစနစ်အဆင့်အတန်းဆန်းစစ်ချက် အကိုအကားဟာ ဝီကီပီးဒီးယားကမဟုတ်ပဲ WHO ကနေ ထုတ်တာပါလို့ ဖြည့်စွက်ပေးပါတယ်။

ကျွန်တော်တို့တတွေ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်း တခြားတိုင်းပြည်တွေသွားပြီး မြန်မာပြည်ကစစ်အစိုးရ ဆိုးဝါးရက်စက်တာတွေကိုပြောပြရင် မယုံကြဘူး။ အခု ကိုယ့်တိုင်းပြည်အခြေအနေမှန်ကို သုတေသနစစ်တမ်းကို အရင်းအတိုင်း ဘာသာပြန်တော့ ကိုယ့်လူမျိုးတွေက မယုံကြဘူး။ စစ်အစိုးရကမှန်ပြီး၊ ပို့တင်တဲ့သူ အမှားဖြစ်ရော။

အဲလိုဆန်းစစ်တာကို (ရီရယ်လတီ ချက်) လို့ခေါ်တယ်။ အမှန်ကိုသိဘို့ မဲပေးစို့။ (ရီရယ်လတီ ချက်) နိုဝင်္ဘာ (၈) ရက်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး