Our land တို့အရပ်နဲ့ တို့ဇာတ်

သနပ်ခါး ပါးကွက်ကြားမှာ
စတစ်ကာ အနီကပ်
တို့အရပ် မိန်းမမြတ်အင်္ဂါတရပ်တိုး။

ဆောင်းစရာ အနီရောင်ဆိုး
စီးစရာ အနီရောင်အလံထိုး
ဦးထုပ်နဲ့ ရင်ထိုး ယောက်ျားမြတ်အင်္ဂါတရပ်တိုး။

အိုးစည်နဲ့ ဒိုး
ရွေးကောက်ပွဲတန်ခိုး
တိုင်းပြည်မြတ်အင်္ဂါတရပ်တိုး။

ဒေါက်တာတင့်ဆွေ
၁၈-၁ဝ-၂ဝ၁၅
ဓါတ်ပုံ = စစ်ကိုင်းတိုင်း ယင်းမာပင် NLD စည်းရုံးရေးမှတ်တမ်း

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး