Prayers ဆုတောင်းခြင်း

သီတင်းကျွတ်လပြည့်ဝန်းကျင်မှာ မြန်မာ့ရိုးရာအစဉ်အလာအရ မိဘနဲ့ဆရာတွေကို ကန်တော့ကြတယ်။ ကျွန်တော်က အသက်ကြီးတဲ့အပြင် သမားဂိုဏ်းဝင်ဖြစ်လို့ အဝေးကနေလှမ်းပြီး မှန်းဆကန်တော့ကြတယ်။

ကျွန်တော်နဲ့ ဇနီးသည်ကို စုံညီကန်တော့တဲ့အခါ ဆုတောင်းပေးရတဲ့တာဝန်ကို ဇနီးကသာ ယူရပါတယ်။ ကျွန်တော်က ပါဠိစာတွေ မရွတ်တတ်ပါ။ ကျွန်တော်စိတ်ထဲက ရွတ်ဆိုတဲ့ဆုတောင်းစကားကတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းပါစေ၊ ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

ကျန်းမာရေးမေးခွန်းတွေဖြေရာမှာလဲ အဖြေရဲ့အဆုံးမှာ ကျန်းမာချမ်းသာပါစေလို့ ရေးဖြစ်အောင် ရေးပါတယ်။ (အီးမေးလ်ကနေသာဖြစ်ပါတယ်။)

ဒေလီမှာနေရတုံးက အိမ်ကနေဆေးခန်းကို ရာသီဥတုသာရင် ကျောပိုးအိတ်တလုံးနဲ့ လမ်းလျှောက်သွားလေ့ရှိပါတယ်။ တနေကုန် ကီးဘုတ်သာနှိပ်နေတဲ့ကျွန့်အဖို့မှာ အဲသည်အချိန်ဟာ သီးသန့်အားလပ်ချိန်ဖြစ်ပါတယ်။ ဆေးခန်းလာမယ့် လူနာတွေအတွက် ဆုတောင်းရင်းသွားပါတယ်။

သည်တိုင်းပြည်မှာတော့ ဆေးခန်းဖွင့်ကုသပေးရတဲ့လူနာ မရှိတော့ပါ။

အခုအိပ်ယာဝင်ဆုတောင်းအသစ် ထည့်လိုက်ပါပြီ။ ကနေ့ကျန်းမာရေးမေးလာသူအားလုံး ကျန်းမာချမ်းသာကြပါစေ၊ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆုပေးတာပြည့်သလား။ အလှူခံသူနဲ့ အလှူပေးသူလိုပါပဲ၊ နှစ်ဘက်ပြည့်စုံနေရပါတယ်။ ယုံကြည်မှုနဲ့ ထက်သန်မှုတို့ ကနေရလာမယ့်အကျိုးဟာ အချိုးညီတယ်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅
မှတ်ချက်။ ကျွန်တော့်ဓါတ်ပုံ မဟုတ်ပါ။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ