Burmese Jade မြန်မာ့ကျောက်စိမ်း (သို့) မြန်မာနိုင်ငံသားတွေ ၄၆ ဆပိုပြီး ကျန်းမာသင့်ကြ

၂၃-၁ဝ-၂ဝ၁၅ နေ့က ဗိုလ်တထောင်မြို့နယ်က မြန်မာဒိဌပြခန်းမှာကျင်းပတဲ့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness ဂလိုဘယ် ဝစ်တနက်စ်အဖွဲ့ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်

- ကျောက်စိမ်းတွင်းတွေကို ပိုင်ဆိုင်သူ (၄) မျိုးရှိတယ်။
(၁) အစိုးရနဲ့ပတ်သက်သူတွေပိုင်၊
(၂) စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ပိုင်၊
(၃) ထူးကုမ္ပဏီ၊ ကမ္ဘောဇနဲ့ အေးရှားဝါးကုမ္ပဏီပိုင်၊ (ဦးသန်းရွှေမိသားစုပိုင် ကုမ္ပဏီ ၂ ခုနဲ့ ဦးအုန်းမြင့်ပိုင်တာအပါအဝင်)၊
(၄) အပစ်ရပ်အဖွဲ့တွေ (UWSA နဲ့ KIA) ပိုင်တွေဖြစ်တယ်။

- ဒေါ်ကြိုင်ကြိုင်ပိုင်တဲ့ ကြိုင်အင်တာနေရှင်နယ် + နိုင်ဂရုကုမ္ပဏီ နဲ့ ပြည်ခိုင်ဖြိုးအတွင်းရေးမှူးဟောင်း မောင်မောင်အုန်းပိုင်ကုမ္ပဏီတွေလည်းပါဝင်တယ်။
- ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA နဲ့ပတ်သက်နေတဲ့ အရင်က ဘိန်းဘုရင်လို့ နာမည်ကြီးတဲ့ Wei Hsueh Kang ဝေရှောက်ခန်းကနေ ဝတပ်ဖွဲ့ကို နှစ်ပေါင်းများစွာငွေကြေးထောက်ပံ့နေ။
- ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ပိုင်ဆိုင်တဲ့ ကျောက်စီမ်းကုမ္ပဏီတွေရှိနေပြီး အခုလက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေက အဲဒီကျောက်စိမ်းထုတ်လုပ်မူလုပ်ငန်းနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။
- ကျောက်စိမ်းကရတဲ့အမြတ်ငွေ ၃၁ ဘီလီယန်ဆိုတာ သူတို့တွက်ချက်မှုသာဖြစ်တယ်။ ဒိထက်များနိုင်တယ်။
- ကျောက်စိမ်းကရတဲ့ဝင်ငွေတွေဟာ ကျန်းမာရေးအသုံးစရိတ်ရဲ့ ၄၆ ဆ ရှိတယ်။
- ငွေတွေဘယ်ရောက်သွားလည်း၊ ဘယ်နေရာတွေမှာအသုံးပြုနေလည်းဆိုတာ နိုင်ငံတော်လှို့ဝှက်ချက်ဖြစ်တယ်။

file:///C:/Users/tswe/Downloads/Jade_executive_summary_Burmese.pdf

ဒေါက်တာတင့်ဆွေ
၂၃-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး