My Teachers မုံရွာက ကျွန်တော့် ဆရာဆရာမတွေ

မုံရွာ၊ အထက (၂) က ဆရာတွေကို ကန်တော့ကြသတဲ့။ ညီတော်မောင်ကတဆင့် ဆရာ-ဆရာမတဦးကနေ စကားတခွန်းစီ ပါးလိုက်ကြတယ်။

ဆရာတယောက်က တလှမ်းခုန်တော့မယ်ကြံတိုင်း သတိနဲ့အရင်ကြည့်လို့ ငါ သူ့ကိုဆုံးမခဲ့တယ်တဲ့။ ဟုတ်ဆရာ ကျွန်တော် ခုန်တိုင်းခုန်တိုင်း သတိတော့ထားပါတယ်။ ဒါပေမယ့်ဆရာ့ ခုနစ်တန်းအောင်အပြီး ဝါးလုံထောက်ခုန်လေ့ကျင့်လို့ လက်တဖက် ကျိုးခဲ့ရဘူးတယ်ဆရာ။

ဆရာမတယောက်က ငါ့ဆီမှာ မင့်အကိုဆွဲတဲ့ပန်းချီကားတွေ အများကြီးရှိတယ်တဲ့။ ဆရာမဆီက ကျွန်တော့်ပုံလေးတွေကို ပြန်ကြည့်ချင်နေပါတယ်ဆရာမ။

ကျိုးထားပေတယ့် ဆက်လုပ်ပါတယ်ဆရာ။ ပန်းချီမဆွဲနိုင်တော့ပေမယ့် အရာရာကို ပန်းချီလို မြင်ကြည့်ပါတယ်ဆရာမ။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး